Xiaomi က ခလုတ် လုံးဝ မပါတဲ့ စမတ်ဖုန်း ၁ လုံးကို ဖန်တီးနေပြီး နောက်နှစ် ပထမနှစ်ဝက်မှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီဖုန်းရဲ့ လျှို့ဝှက်အမည်က Zhuque ဖြစ်ပြီး ခလုတ် လုံးဝ မပါတဲ့အတွက် ဒီဇိုင်းဆန်းသစ် လှပမှာ ဖြစ်ပါတယ်။

Ready for a buttonless smartphone? One might be coming in 2025 | Digital Trends

အဲဒီ စမတ်ဖုန်းမှာ ခလုတ်တွေ အစား အသုံးပြုထားမယ့် Feature တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ခလုတ်တွေအစား Gesture Controls ၊ ဖိအား အာရုံခံနိုင်တဲ့ Edges နဲ့ Voice Commands တွေကို အသုံးပြုထားနိုင်ပါတယ်။

အဲဒီဖုန်းမှာ Under-display ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး Xiaomi ရဲ့ နည်းပညာဟာ Samsung ထက် ပိုကောင်းမယ်လို့ မျှော်လင့်ရပါတယ်။ Zhuque မှာ နောက်ထွက်မယ့် Snapdragon 8+ Gen 4 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး အဲဒီ Chip ကို Xiaomi 15S Pro မှာလည်း သုံးထားမှာပါ။ Xiaomi 15S Pro ကို ၂၀၂၅ ခုနှစ် ဧပြီလနဲ့ ဇွန်လအတွင်း ကြေညာနိုင်ပါတယ်။

Meizu Zero wants to banish a smartphone buttons and ports completely

Xiaomi ရဲ့ ခလုတ် မပါတဲ့ စမတ်ဖုန်းဟာ လူကြိုက်များမလားဆိုတာ စောင့်ကြည့်ရမှာပါ။ အဲဒီဖုန်းဟာ Meizu Zero လို မရောင်းချဘဲ ဟန်ပြသက်သက် ဖြစ်လာမလား ဆိုတာ မပြောနိုင်သေးပါဘူး။

Ref : gsmarena