Xiaomi က လျှပ်စစ်ကားကို ဖန်တီးနေတာ တော်တော်ကြာပြီ ဖြစ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ စွမ်းရည်တွေပါတဲ့ SU7 လျှပ်စစ်ကားကို ကြေညာထားပါတယ်။ Xiaomi ဟာ စမတ်ဖုန်း တင်မကဘဲ တခြား အီလက်ထရောနစ် ပစ္စည်းတွေကိုပါ ထုတ်လုပ်ရောင်းချနေပါတယ်။ အခုတော့ ကားနယ်ပယ်ထဲကို ဝင်ရောက်လာပါတယ်။

Xiaomi ဟာ SU7 လျှပ်စစ်ကားနဲ့ ကားနယ်ပယ်ထဲကို ဝင်ရောက်လာပြီး SU7 နဲ့ SU7 Max မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားပါတယ်။ အခုတော့ Xiaomi CEO Lei Jun က ဝီဘိုမှာ ကားလုပ်ငန်းကို အဓိက အာရုံစိုက်မယ်လို့ ကြေညာလိုက်ပါတယ်။

ဒါပေမယ့် Xiaomi ဟာ စမတ်ဖုန်း လုပ်ငန်းကိုလည်း ဆက်လက် လုပ်ကိုင်မှာ ဖြစ်ပါတယ်။ Lei Jun က William Lu ဟာ Xiaomi ရဲ့ အထွေထွေမန်နေဂျာနဲ့ Wang Teng ဟာ Redmi Brand ရဲ့ အထွေထွေမန်နေဂျာ ဖြစ်လာမယ်လို့ ကြေညာလိုက်ပါတယ်။

Lei Jun က လျှပ်စစ်ကား ဈေးကွက်ဟာ အလားအလာအများကြီးရှိတယ်ဆိုတာကို သိလာတဲ့အတွက် အခုလို ကားလုပ်ငန်းကို အဓိက အာရုံစိုက်မယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Xiaomi ဟာ ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီ စာရင်းထဲ မဝင်ခဲ့ပါဘူး။

အခုတော့ Xiaomi ဟာ အာရှမှာ တတိယအကြီးဆုံး ဖုန်း ကုမ္ပဏီ ဖြစ်နေပါပြီ။ Xiaomi ဟာ လျှပ်စစ်ကား နယ်ပယ်မှာ အောင်မြင်အောင် စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmochina