Xiaomi 13 Ultra ရဲ့ သတင်းအချက်အလက်တွေ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ Xiaomi 13 Ultra ရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး ၁ လက်မ 50MP Sony IMX989 Sensor ကို ပင်မ ကင်မရာ အနေနဲ့ အသုံးပြုထားမှာ ဖြစ်ပါတယ်။ အခုတော့ Xiaomi က ကျန်တဲ့ ကင်မရာ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။

တရားဝင် ဝီဘိုက ပို့စ်မှာ ကုမ္ပဏီက 13 Ultra မှာ 50MP Sony IMX989 Sensor နဲ့အတူ 50MP Sony IMX858 Sensor တွေ တပ်ဆင်ထားမယ်လို့ ဖော်ပြထားပါတယ်။ ပိုစတာမှာ အဆင့်မြင့် Noise-reduction လုပ်ဆောင်ချက် တချို့ ပါလာမှာ ဖြစ်ပြီး HDR စွမ်းရည် ပိုကောင်းလာမယ်လို့ သတင်းပေးထားပါတယ်။

Official Xiaomi 13 Ultra teaser poster

Xiaomi 13 Ultra မှာ Ultrawide ကင်မရာ အတွက် IMX858 ကို အသုံးပြုထားမှာ ဖြစ်ပြီး PDAF , 3x Telephoto , 5x Telephoto တွေ ပါလာမှာ ဖြစ်ပါတယ်။

Xiaomi Confirms 13 Ultra's Camera Features, expect A Significant Upgrade

အတိုချုပ်ပြောရရင် Xiaomi 13 Ultra မှာ ပိုကောင်းတဲ့ ကင်မရာ ဟာ့ဒ်ဝဲတွေ ပါလာမှာ ဖြစ်ပြီး အရည်အသွေးမြင့်မားတဲ့ ရုပ်ပုံတွေ ဖမ်းယူပေးနိုင်မှာ ဖြစ်ပါတယ်။ Xiaomi 13 Ultra ကို ဒီလ ၁၈ ရက်နေ့မှာ Xiaomi Pad 6 Series တက်ဘလက်တွေနဲ့အတူ ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena