Xiaomi က 14 Series ကို  ဒီဇင်ဘာလအစား ပိုပြီးအချိန်စောစောကြေညာတဲ့အနေနဲ့ နိုဝင်ဘာလမှာ ကြေညာနိုင်ပါတယ်။ Digital Chat Station က Xiaomi 14 Series ကို Singles’ Day ဈေးရောင်းပွဲတော် ကျင်းပတဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မတိုင်ခင် ရောင်းချမယ်လို့ ဝီဘိုမှာ သတင်းပေးထားပါတယ်။

Xiaomi could unveil the 14 series in early November - YouTube

Xiaomi 13 Pro နဲ့ Xiaomi 13 ကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Digital Chat Station က 13 Series ရဲ့ အောင်မြင်မှုကြောင့် Xiaomi ဟာ 14 Series ကို စောစောစီးစီး ကြေညာတာလို့ ပြောပါတယ်။ 13 Series ဟာ ၉ လအတွင်း ရောင်းအား သတ်မှတ်ချက်ကို ပြည့်မီခဲ့တာ ဖြစ်ပါတယ်။

Xiaomi 14 Series မှာ ထည့်သွင်းထားမယ့် Snapdragon 8 Gen 3 Chipset ကို အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး Xiaomi 14 Series ဟာ အဲဒီ Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာနိုင်ပါတယ်။

Xiaomi 14: This is when new Android smartphones will be announced

Specs အကြောင်းပြောရရင် Xiaomi 14 Series မှာ ပိုကြီးတဲ့ 50MP 1/1.28” ပင်မ ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။ Xiaomi 14 မှာ 90W Wired /50W Wireless Charging ထောက်ပံ့တဲ့ 4,860mAh Battery နဲ့ 14 Pro မှာ 120W Wired / 50W Wireless Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာနိုင်ပါတယ်။

Ref : gsmarena