Xiaomi ဟာ ထုတ်ကုန်အသစ်များစွာကို ဖန်တီး ရောင်းချနေပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ အနာဂတ်ဟာ ဟာ့ဒ်ဝဲတွေအပေါ်မှာပဲ အာရုံစိုက်နေတာ မဟုတ်ပါဘူး။ ကုမ္ပဏီဟာ ဆော့ဖ်ဝဲတွေကနေ ဝင်ငွေရအောင် ကြိုးစားနေပါတယ်။ Xiaomi ဟာ လျှပ်စစ်ကားရောင်းချတာကနေ အမြတ်ငွေ ၁ ရာခိုင်နှုန်းပဲရမယ်လို့ မျှော်လင့်ထားပြီး ကားမှာ ပါတဲ့ ဆော့ဖ်ဝဲတွေကနေ ဝင်ငွေရအောင် ရည်ရွယ်ထားပါတယ်။
Xiaomi ဟာ ဒီထက်ပိုပြီး ဆော့ဖ်ဝဲတွေကနေ ဝင်ငွေရအောင် ကြိုးစားနေပါတယ်။ အခုထွက်လာတဲ့သတင်းအရ Xiaomi ဟာ AOSP (Android Open Source Project) နဲ့ သဟဇာတ ဖြစ်တဲ့ ကိုယ်ပိုင် Operating System ကို ဖန်တီးနေပါတယ်။ အဲဒီ Operating System ကို စမတ်ဖုန်း ၊ တက်ဘလက်နဲ့ Wearable အပါအဝင် Device မျိုးစုံမှာ သုံးနိုင်မှာပါ။
ကိုယ်ပိုင် Operating System ကို ဖန်တီးနေတာ Xiaomi ပဲ မဟုတ်ပါဘူး။ Huawei က လွန်ခဲ့တဲ့ နှစ်အနည်းငယ်က HarmonyOS ကို ဖြန့်ချိခဲ့ပြီး တရုတ်မှာ လူကြိုက်များပါတယ်။
Xiaomi ဟာ ကိုယ်ပိုင် OS ကို တရုတ်မှာ အရင်ဆုံး ဖြန့်ချိမယ်လို့ ထင်ရပြီး Huawei ဟာ အကြီးမားဆုံး ပြိုင်ဖက် ဖြစ်လာမှာပါ။ ကိုယ်ပိုင် OS ဖန်တီးတာဟာ Xiaomi အတွက် အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ Google ကို အများကြီး မှီခိုစရာ မလိုတော့လို့ပါ။
တချို့ သတင်းတွေအရ Xiaomi ဟာ နောက်ထွက်မယ့် MIUI 15 ကို miOS လို့ အမည်ပေးထားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် တိကျတဲ့သတင်းအချက်အလက်တော့ မရသေးပါဘူး။ Xiaomi ရဲ့ ကိုယ်ပိုင် OS ထွက်လာမယ့် အချိန်ကို မသိရသေးပါဘူး။ ဒါပေမယ့် ကုမ္ပဏီက OS အသစ် ဖန်တီးနေပြီး Device များစွာမှာ သုံးနိုင်မယ်လို့ ပြောထားပါတယ်။
Ref : gizmochina