Xiaomi ဟာ HyperOS နဲ့ ကုမ္ပဏီရဲ့ Software ကို စာမျက်နှာ အသစ် ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ HyperOS ကို Xiaomi 14 Series မှာ အရင်ဆုံး ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အခုတော့ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ HyperOS ရဲ့ Screenshot တွေ ထွက်ပေါ်လာပြီး UI အသစ်ကို လေ့လာလို့ရလာပါတယ်။

HyperOS Screenshots Leak Online Ahead of Expected Debut on Xiaomi 14 Series | Technology News

Xiaomi က Template, Clock , Font , Widget နဲ့ Wallpaper အမျိုးအစား အသစ်တွေနဲ့ Lock Screen ကို Customize လုပ်နိုင်တဲ့ Option များစွာ ထည့်သွင်းပေးထားပါတယ်။ Control Center ဟာ MIUI 14 နဲ့နှိုင်းယှဉ်ရင် ပိုမို ရှင်းလင်းလာပါတယ်။ App Icon တွေက MIUI 14 နဲ့ ဆင်တူပါတယ်။ အဲဒီ Screenshot တွေဟာ HyperOS Beta ဖြစ်နိုင်ပြီး Xiaomi က Final Version မှာ အပြောင်းအလဲတွေ ပြုလုပ်ထားနိုင်ပါတယ်။

HyperOS Screenshots Leak Online Ahead of Expected Debut on Xiaomi 14 Series | Technology News

HyperOS ပါတဲ့ Xiaomi 14 Series ကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကြေညာမယ်လို့သတင်းထွက်နေပါတယ်။

Xiaomi 14 Series ဟာ Snapdragon 8 Gen 3 သုံးထားတဲ့ အစောဆုံး ဖုန်းတွေ ဖြစ်လာမှာပါ။ အရင်သတင်းတွေအရ အဲဒီ စမတ်ဖုန်းတွေမှာ ဂြိုလ်တု ဆက်သွယ်ရေး ပါလာနိုင်ပါတယ်။ Xiaomi 14 Series မှာ ဒီဇိုင်း အသစ် သုံးထားပြီး မတူညီတဲ့ Focal Length ၃ ခု ပါတဲ့ Leica ကင်မရာတွေ ပါလာမှာပါ။ Android 14 အခြေပြု MIUI 15 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena