စမတ်ဖုန်း ရောင်းအားမှာ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီ ၃ ခုထဲမှာ ပါဝင်တဲ့ Xiaomi ဟာ Qualcomm, MediaTek နဲ့ ရှန်ဟိုင်း အခြေစိုက် Unisoc (ယခင် Speedtrum) တို့ရဲ့ Chipset တွေ ပါတဲ့စမတ်ဖုန်းတွေကို ရောင်းချနေပါတယ်။ ဒီနှစ် အစောပိုင်းမှာ Xiaomi ဟာ Unisoc နဲ့ ပူးပေါင်းကာ 4nm Chipset ကို ဖန်တီးနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီ ၂ ခုပူးပေါင်းမှုကြောင့် Xiaomi ဟာ ကိုယ်ပိုင် Chipset ကို ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ထုတ်လုပ်မယ်လို့ သတင်းထွက်လာပါတယ်။

Xiaomi Rumored To Unveil Custom Smartphone SoC In H1 2025, Said To Use TSMC's Older 4nm 'N4P' Process, With Snapdragon 8 Gen 1-Like Performance

နာမည်ကြီး Tipster Yogesh Brar ဆီကနေ ဒီသတင်းထွက်လာတာ ဖြစ်ပြီး သူက Xiaomi Chip ရဲ့ အဓိက သတင်းအချက်အလက်တချို့ကို မျှဝေထားပါတယ်။ အဲဒီ Chip ကို TSMC ရဲ့ 4nm N4P Node နဲ့ တည်ဆောက်ထားမှာ ဖြစ်ပြီး Unisoc က ထုတ်လုပ်တဲ့ 5G Modem ပါလာမှာပါ။ အဲဒီ SoC မှာ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်ထုတ် စွမ်းရည်မြင့် ဖုန်းတွေမှာ ထည့်သွင်းထားတဲ့ Qualcomm ရဲ့ စွမ်းရည်မြင့် Chip ဖြစ်တဲ့ Snapdragon 8 Gen 1 အဆင့် စွမ်းဆောင်ရည် ပါလာမှာပါ။

In-house 5G Xiaomi smartphone SoC Rumored to Launch Next Year - Gizchina.com

Xiaomi ဟာ ကိုယ်ပိုင် Chipset တွေ ထုတ်လုပ်ဖို့ကြိုးစားနေတာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်မှာ Xiaomi ဟာ ကိုယ်ပိုင် Surge S1 Chipset ပါတဲ့ Mi 5c စမတ်ဖုန်းကို ရောင်းချခဲ့ပါတယ်။ စွမ်းရည်သင့် SoC ကို 28nm Process နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး 8x Cortex A53 Cores ပါပါတယ်။

Ref: gsmarena