Xiaomi က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တရုတ်မှာ Redmi Note 13 Series ကို ကြေညာခဲ့ပါတယ်။ အခုတော့ နိုင်ငံတကာအတွက် ပထမဆုံး အနေနဲ့ အိန္ဒိယမှာ မိတ်ဆက်လိုက်ပါတယ်။ Redmi Note 13 , Redmi Note 13 Pro နဲ့ Redmi Note 13 Pro+ တို့ကို ကြေညာလိုက်တာ ဖြစ်ပြီး အားလုံးမှာ HyperOS ထည့်သွင်းထားပါတယ်။

Redmi Note 13 5G series launches internationally with HyperOS

အားလုံးထဲမှာ Redmi Note 13 Pro+ က စွမ်းရည် အမြင့်ဆုံး ဖြစ်ပြီး 200MP ကင်မရာ၊ 120W Charging ၊ 5,000mAh Battery နဲ့ IP68 စံနှုန်း ပါလာပါတယ်။ White , Black နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/256GB ကို ၄၁၀ ဒေါ်လာ၊ 12/256GB ကို ၄၃၅ ဒေါ်လာနဲ့ 12/512GB ကို ၄၅၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Redmi Note 13 5G series launches internationally with HyperOS

Redmi Note 13 Pro မှာလည်း 200MP ကင်မရာ တပ်ဆင်ထားပြီး Snapdragon 7s Gen 2 Chipset က အဓိက Selling Point ဖြစ်ပါတယ်။ တခြား အဓိက လုပ်‌ဆောင်ချက်တွေကို ပြောရရင် 120Hz Screen ၊ Gorilla Glass Victus ၊ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာနဲ့ 67W Fast Charging တို့ ဖြစ်ပါတယ်။ Black , White နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB ကို ၃၅၀ ဒေါ်လာ ၊ 8/256GB ကို ၃၇၂ ဒေါ်လာနဲ့ 12/256GB ကို ၄၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Redmi Note 13 ဟာ Note Series ဖုန်းတွေထဲမှာ အပါးလွှာဆုံး ဖြစ်ပြီး အထူက ၇.၆ မီလီမီတာပဲ ရှိပါတယ်။ Mediatek Dimensity 6080 Chipset မောင်းနှင်ထားပြီး IP54 စံနှုန်း ပါပါတယ်။ ထူးခြားတာက Prism Gold  အရောင် ထုတ်လုပ်ထားပြီး 6/128GB ကို ၂၅၀ ဒေါ်လာ ၊ 8/256GB ကို ၂၇၅ ဒေါ်လာနဲ့ 12/256GB ကို ၃၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena