Huawei ဟာ ၃ ခေါက်ချိုး Foldable စမတ်ဖုန်းကို ဖန်တီးနေပါတယ်။ အဲဒီလို ဖုန်းကို ဖန်တီးနေတာ Huawei ကုမ္ပဏီ ၁ ခုထဲ မဟုတ်ပါဘူး။ Tipster ၁ ယောက်က Xiaomi ဟာလည်း ၃ ခေါက်ချိုး Foldable စမတ်ဖုန်းကို ဖန်တီးနေပြီး တော်တော် တိုးတက်အောင်မြင်နေပြီလို့ ပြောပါတယ်။

Xiaomi Mix Fold 4

အဲဒီ Tipster ဟာ သတင်းပေးတာ မှန်ကန်တဲ့ သမိုင်းကြောင်း ရှိပါတယ်။ သူက အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မပြောပေမယ့် သူ့ကို ယုံကြည်နိုင်တဲ့ အနေအထား ရှိပါတယ်။ အဲဒီ ဖုန်းဟာ Xiaomi Mix Series ထဲက ဖြစ်နိုင်ပါတယ်။ Tipster က အဲဒီဖုန်း သို့မဟုတ် အနည်းဆုံး နမူနာ မော်ဒယ်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ မြင်တွေ့ရနိုင်တယ်လို့ ပြောပါတယ်။

Xiaomi Mix Fold 3 to launch with quad cameras and last-gen charging specs - NotebookCheck.net News

အဲဒီ သတင်းသာ မှန်မယ်ဆိုရင် လာမယ့်လတွေအတွင်း အဲဒီဖုန်းအကြောင်းကို ပိုမို သိလာရနိုင်ပါတယ်။ Mobile World Congress ကျင်းပဖို့ နှစ်ဝက်လောက်လိုသေးပြီး Xiaomi ဟာ ပြီးခဲ့တဲ့လကပဲ Foldable ဖုန်း အသစ် ၂ လုံးကို ကြေညာထားတဲ့အတွက် ၃ ခေါက်ချိုးဖုန်းကို မကြာခင် ကြေညာမှာ မဟုတ်သေးပါဘူး။

Huawei ရဲ့ ၃ ခေါက်ချိုးဖုန်းဟာ Z ပုံသဏ္ဍာန် Foldable ဒီဇိုင်း ဖြစ်ပြီး ကုမ္ပဏီရဲ့ စီးပွားရေးဌာနမှ CEO က စက်တင်ဘာလမှာ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ အဲဒီဖုန်းကို တရုတ်မှာပဲ ရောင်းချမလား၊ အကန့်အသတ်နဲ့ ရောင်းချမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena