Xiaomi ဟာ 200W Wired Charging ကျော်ပါတဲ့ စမတ်ဖုန်းကို ကြေညာတဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်ပါတယ်။ အခုတော့ အားသွင်းမြန်တဲ့ နည်းပညာ အပြင် ကြီးမားတဲ့ Battery ကို စမတ်ဖုန်းမှာ ထည့်သွင်းဖို့ ကြိုးစားနေပါတယ်။

Xiaomi is developing a 7,500 mAh smartphone battery with 100W charging -  GSMArena.com news

Xiaomi က 120W Charging ပါတဲ့ 7,000mAh Battery နဲ့ 100W Charging ပါတဲ့ 7,500mAh Battery ကို စမတ်ဖုန်းမှာ ထည့်သွင်းဖို့ ကြိုးစားနေတယ်လို့ Digital Chat Station က ဝီဘို လူမှုကွန်ရက်မှာ သတင်းပေးထားပါတယ်။

Xiaomi ရဲ့ တရုတ်မှ Nanjing Science and Technology Park မှ R&D Center ကနေ သတင်းထွက်လာတဲ့ Battery နဲ့ အားသွင်းနှုန်း အတွဲအစပ်တွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

Xiaomi ဟာ အားသွင်းမြန်တဲ့ နည်းပညာထက်  ကြီးမားတဲ့ Battery ကို အသုံးပြုဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ အနာဂတ် စမတ်ဖုန်းလောကမှာ ကြီးမားတဲ့ Battery တွေကို ကျစ်ကျစ်လစ်လစ်နဲ့ စမတ်ဖုန်းထဲမှာ ထည့်သွင်းပေးလာကြတော့မယ်လို့ ထင်ပါတယ်။

Ref : gsmarena