Xiaomi ဟာ လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အတွင်းမှာ Developer Conference တစ်ခုကို တရုတ်နိုင်ငံတွင်းမှာ ပြုလုပ်သွားမယ်ဆိုပြီး ကြေညာလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Developer Conference ဟာ လက်ရှိ Xiaomi ဖုန်းတွေမှာ အသုံးပြုနေတဲ့ Charging နဲ့ Screen နည်းပညာတွေအပြင် တခြားနည်းပညာအသစ်တွေကို အဓိကအာရုံစိုက်သွားမယ်လို့ သိရပါတယ်။

နောက်ထပ်ဖြစ်နိုင်ခြေများတဲ့သတင်းတစ်ခုကတော့ Xiaomi ကနေ MIUI 13 UI အသစ်ကိုပါ အဆိုပါ Developer Conference မှာ တရားဝင်မိတ်ဆက်သွားနိုင်တာပဲဖြစ်ပါတယ်။ လောလောဆယ်မှာ Android 11 Stable Update ထွက်ရှိထားတာကြာပြီဖြစ်ပေမယ့် Xiaomi အနေနဲ့ ကိုယ်ပိုင် MIUI 12 မှာပဲ နောက်ဆုံးရှိနေသေးတာဖြစ်ပါတယ်။

အဲ့ဒီအတွက် MIUI 13 အသစ်ဟာ Android 11 OS ကို အခြေခံလာမှာဖြစ်ပြီး Feature အသစ်အနည်းငယ်နဲ့ လက်ရှိ Super Wallpaper လိုမျိုး Feature တွေအတွက် UI ပိုင်း Adjustment ပြုလုပ်သွားဖို့ပဲ များနေပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်အထိတော့ MIUI 13 နဲ့ ပတ်သက်ပြီး Feature တွေပေါက်ကြားလာခြင်းမရှိသေးပါဘူး။

Xiaomi ဟာ MIUI 12 ကို ပြီးခဲ့တဲ့ ဧပြီလတုန်းက မိတ်ဆက်ထားခဲ့တာဖြစ်ပြီး အခုလိုမျိုး MIUI 13 မိတ်ဆက်လာမယ်ဆိုရင်လည်း လာမယ့် ၂၀၂၁ မှပဲ Device တွေအတွက် Update ရရှိလာနိုင်ပါတယ်။ လာမယ့် ၂၀၂၁ ဇန်နဝါရီလအတွင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Xiaomi Mi 11 ဟာ MIUI 13 ကို ပထမဆုံးအသုံးပြုထားတဲ့စမတ်ဖုန်းလည်း ဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China