Xiaomi ကနေ Mi 10 Series စမတ်ဖုန်းတွေကို လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ တရုတ်နိုင်ငံမှာပဲ Online-only Event ပြုလုပ်ပြီးတော့ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အခုလိုမျိုး မိတ်ဆက်ဖို့နီးကပ်နေတဲ့အချိန်မှာ Geekbench Website မှာ Mi 10 Pro ရဲ့ Benchmark တွေပေါက်ကြားလာခဲ့ပါတယ်။

ယခင်တုန်းက Xiaomi Mi 10 Pro ဟာ RAM 16GB နဲ့ Storage 256GB Version ပဲ ပေါက်ကြားခဲ့ပေမယ့် အခုတစ်ကြိမ်ပေါက်ကြားလာတာကတော့ Entry Version ဖြစ်နိုင်တဲ့ RAM 8GB နဲ့ Version ပဲဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ ဘယ်လောက်ပါဝင်မလဲဆိုတာကို မဖော်ပြထားပေမယ့် အနည်းဆုံး 128GB ဝန်းကျင်တော့ ပါဝင်လာနိုင်ပါတယ်။

Geekbench Benchmark တွေအရတော့ Single-core Score 904 Points နဲ့ Multi-core Score 3290 Points ရရှိခဲ့တဲ့အတွက် လက်ရှိ Snapdragon 855+ Prorcessor အသုံးပြုထားတဲ့စမတ်ဖုန်းတွေထက် သိသိသာသာကို စွမ်းဆောင်ရည်ကောင်းမွန်မှာဖြစ်ပါတယ်။ Geekbench မှာတော့ Android Version 10 ကို အသုံးပြုထားတယ်လို့ ဖော်ပြထားပြီးတော့ MIUI 11 နဲ့ ပွဲထွက်လာနိုင်ပါတယ်။

Xiaomi Mi 10 Pro စမတ်ဖုန်းဟာဆိုရင် Qualcomm Snapdragon 865 Processor ၊ LPDDR5 RAM ၊ Punch-hole Curved AMOLED Display ၊ In-Display Fingerprint Sensor တွေအပြင် 108MP Quad Camera Setup နဲ့ 66W Fast Charging လိုမျိုး Feature တွေလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

Ref – Gizmo China