Xiaomi ကနေ Mi 10 Series စမတ်ဖုန်းတွေကို လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာပါ။ ဒီလိုမျိုး မိတ်ဆက်ဖို့နီးစပ်နေပြီဖြစ်ပေမယ့် Xiaomi ကနေ Mi 10 Series ဖုန်းတွေနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်အချို့ကို အတည်ပြုဖော်ပြခဲ့ပါတယ်။

ဒါကတော့ Mi 10 Series ဖုန်းတွေရဲ့ Charging ပိုင်းဖြစ်ပြီးတော့ Mi 10 Series ဖုန်းတွေမှာ 50W Wired Fast Charging အပြင် 30W Wireless Charging ကိုပါ Support ပြုလုပ်လာမှာဖြစ်ပါတယ်။ ဒါက လက်ရှိထွက်ရှိထားသမျှစမတ်ဖုန်းတွေထဲမှာ Wireless Charging Speed အမြန်ဆန်ဆုံးဖြစ်လာမှာပါ။

ဒါတင်မဟုတ်သေးဘဲ Xiaomi Mi 10 Series ဖုန်းတွေဟာ ပထမဆုံးအနေနဲ့ Samsung နဲ့ Huawei Flagship ဖုန်းတွေလိုမျိုး Reverse Wireless Charging နည်းပညာပါ ထည့်သွင်းလာမှာဖြစ်ပြီး Charging Speed အနေနဲ့ 10W အထိ Support ပေးသွားမယ်လို့ သိရပါတယ်။

Xiaomi Mi 10 Series ဖုန်းတွေဟာ Battery အနေနဲ့ အနည်းဆုံး 4500mAh Battery ပါဝင်လာမှာဖြစ်သလို ယခင်တုန်းက Mi 10 Pro ဖုန်းတွေမှာ 66W Fast Charging အထိ Support ပေးမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့် 50W Wired Fast Charging ဟာ Mi 10 Pro အစား ပုံမှန် Mi 10 ဖုန်းအတွက်ပဲဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi Mi 10 Series စမတ်ဖုန်းတွေကလည်း ဒီနှစ်အတွက် စိတ်ဝင်စားဖွယ် Flagship ဖုန်းတွေဖြစ်လာမှာပါ။

Ref – Android Authority