Xiaomi Mi 10 Ultra ကို မနက်ဖြန် ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ Geekbench ကို ရောက်လာပါတယ်။ Xiaomi ရဲ့ ၁၀ နှစ်ပြည့် သက်တမ်းအဖြစ် ထုတ်လုပ်ထားတာ ဖြစ်ပြီး အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ထွက်ပေါ်ခဲ့ဖူးပါတယ်။

Geekbench မှာ M2007J1SC မော်ဒယ်နံပါတ် အဖြစ် ဖော်ပြထားပြီး Single-core Test မှာ ၉၀၁ မှတ်နဲ့ Multi-core Test မှာ ၃၂၇၅ မှတ် ရထားပါတယ်။ Snapdragon 865+ Chipset ပါတဲ့ တခြား စမတ်ဖုန်းတွေရဲ့ အမှတ်နဲ့ နီးစပ်ပြီး Geekbench မှာ 16GB RAM နဲ့ Android 10 ပါတယ်လို့ ဖော်ပြထားပါတယ်။

Mi 10 Ultra မှာ 120Hz FHD+ AMOLED မျက်နှာပြင်၊ 4,500mAh ဘက်ထရီတွေ ပါလာနိုင်ပြီး 100W or 120W Wired Charging က တော်တော်လန်းမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာနိုင်ပြီး အလန်းဆုံးက 120x Digital Zoom ပါတဲ့ Periscope ကင်မရာ ဖြစ်ပါတယ်။ တခြား ကင်မရာတွေက Mi 10 Pro နဲ့ တူနိုင်ပြီး 108MP Main , 20MP Ultrawide နဲ့ 8MP Telephoto တွေ ဖြစ်ပါတယ်။

Customize လုပ်နိုင်တဲ့ GPU ပါလာမှာ ဖြစ်ပြီး Frequency Controls ကို ချိန်ညှိနိုင်မှာပါ။ Ceramic နဲ့ Transparent Version ၂ မျိုး ထုတ်လုပ်ထားနိုင်ပါတယ်။

Ref : gsmarena