ဒီဇိုင်နာ Ben Geskin က ပေါက်ကြား ထားတဲ့ Case နဲ့ ပုံကြမ်းတွေကို အခြေခံကာ ဒီဇိုင်းထုတ်ထားတဲ့ Xiaomi Mi 11 Pro ရဲ့ အရည်အသွေးမြင့် ဓါတ်ပုံတွေကို မကြာခင်က မျှဝေခဲ့ပြီး အခုတော့ သူက Mi 11 Pro ရဲ့ ပင်မ ကင်မရာဟာ 50MP ဖြစ်မယ်လို့ သတင်းပေးလိုက်ပါတယ်။

Mi 11 မှာ 108MP Samsung ISOCELL HMX (S5KHMX) Sensor ထည့်သွင်းထားတာပါ။ တချို့သတင်းတွေအရ Mi 11 Pro မှာ မကြေညာရသေးတဲ့ Sony IMX782 Sensor ပါလာမှာ ဖြစ်ပြီး Huawei P50 Series တွေမှာလည်း အဲဒီ Sensor ကိုပဲ သုံးထားမယ်လို့ ဆိုကြပါတယ်။ Xiaomi က Mi 11 Pro ကြေညာမယ့် အချိန်ကို မပြောသေးပေမယ့် ဖေဖော်ဝါရီလလောက်မှာ ဖြစ်နိုင်ပါတယ်။

သိပ်မကြာခင်ကပဲ Mi 11 Pro ရဲ့ မျက်နှာပြင် အရွယ်အစားတွေ ပေါက်ကြားထွက်ပေါ်လာပြီး Mi 11 နဲ့ တူညီပါတယ်။ ဒါ့အပြင် Punch Hole ကင်မရာကို မျက်နှာပြင် ဘယ်ဘက်အထက်မှာ တပ်ဆင်ထားပါတယ်။ ဒါပေမယ့် အနောက်ကင်မရာ သတင်းတွေက အမျိုးမျိုး ဖြစ်နေပါတယ်။ Mi 11 Pro မှာ 120x Periscope Telephoto Lens ပါလာမယ်လို့ သတင်းထွက်နေပြီး Sony IMX586 Sensor ဖြစ်နိုင်ပါတယ်။

Mi 11  မှာ 55W Wired နဲ့ 50 Wireless Charging ထည့်သွင်းထားပြီး Mi 11 Pro မှာ ဒီထက်ပိုကြမ်းတဲ့ 120W Fast Charging ပါလာနိုင်ပါတယ်။ ၂၀၂၀ အောက်တိုဘာလမှာ Xiaomi က 80W Wireless Charging နည်းပညာကို ကြေညာခဲ့ပြီး Mi 11 Pro မှာ ထည့်သွင်းထားနိုင်ပါတယ်။ ရေစိုခံစံနှုန်း အပိုင်းမှာ IP68 ပါလာနိုင်ပါတယ်။

Ref : gizchina