[Zawgyi]

ဒီေန႔ေခတ္စမတ္ဖုန္းေတြအတြက္ စြမ္းေဆာင္ရည္ေကာင္းၿပီး ေဈးႏႈန္းသင့္တင့္ဖို႔လိုအပ္တဲ့အျပင္ ပထမဆုံးအၾကည့္တစ္ခ်က္မွာတင္ အျမင္အာ႐ုံကို ဖမ္းစားႏိုင္မယ့္ ဒီဇိုင္းပိုင္းကလည္း အေရးပါတဲ့ ေနရာမွာ ရွိေနပါတယ္။ ေခတ္လူငယ္ေတြအမ်ားစုကေတာ့ ဒီဇိုင္းပိုင္းကိုလည္း အေရးထားၾကတာပါ။

Xiaomi အေနနဲ႔လည္း ေဈးႏႈန္းနဲ႔ စြမ္းေဆာင္ရည္အျပင္ ဒီဇိုင္းပိုင္းကို အေလးထားလာတယ္ဆိုတာ ၿပီးခဲ့တဲ့ ထုတ္ကုန္ျဖစ္တဲ့ Mi8 က သက္ေသပဲ ျဖစ္ပါလိမ့္မယ္။ Xiaomi ရဲ႕ ထုတ္ကုန္ဒါ႐ိုက္တာျဖစ္တဲ့ Wang Teng လာမယ့္ Flagship အတြက္လည္း ဒီဇိုင္းပိုင္းကို အေလးထားျပင္ဆင္ေနေၾကာင္းေျပာဆိုလိုက္သလို ဒီဇိုင္းပိုင္းရဲ႕ ေနာက္ကြယ္က ပုဂၢိဳလ္ကိုလည္း ဘယ္သူဆိုတာ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

Mi Liu အမည္ရတဲ့ ပုဂၢိဳလ္ဟာ Mi 6 ရဲ႕ ဒီဇိုင္းပိုင္းကို ေနာက္ကြယ္ကေန ေရးဆြဲေပးခဲ့သူလို႔ ဆိုပါတယ္။ လာမယ့္ Mi 9 ကိုလည္း အဆိုပါ ပုဂၢိဳလ္ကပဲ တာဝန္ယူေရးဆြဲတာလို႔ Wang Teng ကေျပာပါတယ္။ Xiaomi ရဲ႕ တာဝန္ရွိသူေတြကေတာ့ Mi 6 နဲ႔ Mi 8 ေတြရဲ႕ ဒီဇိုင္းေတြကို အေတာ္ေလး ေက်နပ္အားရခဲ့ၾကပုံပါပဲ။

Mi 9 ကေတာ့ Xiaomi ရဲ႕ ဒီဇိုင္းေတြထဲမွာ အေကာင္းဆုံးလို႔ ေျပာရမယ့္ ပုံစံနဲ႔ တကယ္ပဲထြက္လာႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။ Mi 6 လိုမ်ိဳး အျပာနဲ႔ေ႐ႊေရာင္အတြဲအစပ္၊ Quad-Curved Glass ပုံစံမ်ိဳးျဖစ္လာမလားလို႔ ေတြးစရာပါ။ ဘာပဲျဖစ္ျဖစ္ Mi 9 ဟာ 48MP အဓိကကင္မရာအပါအဝင္ ေက်ာဘက္ကင္မရာသုံးလုံးနဲ႔ ထြက္လာမွာျဖစ္ၿပီး Snapdragon 855 Chipset သုံးထားသလို ပိုေကာင္းတဲ့ Fast charging စနစ္လည္းပါဝင္မယ္လို႔ ဆိုပါတယ္။ (32W Fast Charging လို႔ေတာ့ သတင္းထြက္ထားပါတယ္။) Xiaomi အေနနဲ႔ Mi 9 ကိုထုတ္ျပဖို႔ ဒီလကုန္မွာျပဳလုပ္မယ့္ MWC ၿပီးဆုံးတဲ့အခ်ိန္ထိ ေစာင့္ဆိုင္းဦးမယ္လို႔ေတာ့ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

Mi 9 ကို ဒီဇိုင်းပိုင်းလည်း အထူးပြင်ဆင်ထားကြောင်း Xiaomi ပြော

ဒီနေ့ခေတ်စမတ်ဖုန်းတွေအတွက် စွမ်းဆောင်ရည်ကောင်းပြီး ဈေးနှုန်းသင့်တင့်ဖို့လိုအပ်တဲ့အပြင် ပထမဆုံးအကြည့်တစ်ချက်မှာတင် အမြင်အာရုံကို ဖမ်းစားနိုင်မယ့် ဒီဇိုင်းပိုင်းကလည်း အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ ခေတ်လူငယ်တွေအများစုကတော့ ဒီဇိုင်းပိုင်းကိုလည်း အရေးထားကြတာပါ။

Xiaomi အနေနဲ့လည်း ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်အပြင် ဒီဇိုင်းပိုင်းကို အလေးထားလာတယ်ဆိုတာ ပြီးခဲ့တဲ့ ထုတ်ကုန်ဖြစ်တဲ့ Mi8 က သက်သေပဲ ဖြစ်ပါလိမ့်မယ်။ Xiaomi ရဲ့ ထုတ်ကုန်ဒါရိုက်တာဖြစ်တဲ့ Wang Teng လာမယ့် Flagship အတွက်လည်း ဒီဇိုင်းပိုင်းကို အလေးထားပြင်ဆင်နေကြောင်းပြောဆိုလိုက်သလို ဒီဇိုင်းပိုင်းရဲ့ နောက်ကွယ်က ပုဂ္ဂိုလ်ကိုလည်း ဘယ်သူဆိုတာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Mi Liu အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ Mi 6 ရဲ့ ဒီဇိုင်းပိုင်းကို နောက်ကွယ်ကနေ ရေးဆွဲပေးခဲ့သူလို့ ဆိုပါတယ်။ လာမယ့် Mi 9 ကိုလည်း အဆိုပါ ပုဂ္ဂိုလ်ကပဲ တာဝန်ယူရေးဆွဲတာလို့ Wang Teng ကပြောပါတယ်။ Xiaomi ရဲ့ တာဝန်ရှိသူတွေကတော့ Mi 6 နဲ့ Mi 8 တွေရဲ့ ဒီဇိုင်းတွေကို အတော်လေး ကျေနပ်အားရခဲ့ကြပုံပါပဲ။

Mi 9 ကတော့ Xiaomi ရဲ့ ဒီဇိုင်းတွေထဲမှာ အကောင်းဆုံးလို့ ပြောရမယ့် ပုံစံနဲ့ တကယ်ပဲထွက်လာနိုင်မလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။ Mi 6 လိုမျိုး အပြာနဲ့ရွှေရောင်အတွဲအစပ်၊ quad-curved glass ပုံစံမျိုးဖြစ်လာမလားလို့ တွေးစရာပါ။ ဘာပဲဖြစ်ဖြစ် Mi 9 ဟာ 48MP အဓိကကင်မရာအပါအဝင် ကျောဘက်ကင်မရာသုံးလုံးနဲ့ ထွက်လာမှာဖြစ်ပြီး Snapdragon 855 Chipset သုံးထားသလို ပိုကောင်းတဲ့ Fast charging စနစ်လည်းပါဝင်မယ်လို့ ဆိုပါတယ်။ (32W fast charging လို့တော့ သတင်းထွက်ထားပါတယ်။) Xiaomi အနေနဲ့ Mi 9 ကိုထုတ်ပြဖို့ ဒီလကုန်မှာပြုလုပ်မယ့် MWC ပြီးဆုံးတဲ့အချိန်ထိ စောင့်ဆိုင်းဦးမယ်လို့တော့ ယူဆရပါတယ်။

Ref: GSMArena