[Zawgyi]

Xiaomi ရဲ႕ Mi 9 ကို လာမယ့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ တရားဝင္ မိတ္ေတာ့မွာျဖစ္ပါတယ္။ Mi 9 နဲ႔ ပတ္သက္ၿပီး ေပါက္ၾကားမႈေတြကတစ္ဆင့္ အခ်က္အလက္အေတာ္မ်ားမ်ားကို သိခဲ့ရေပမယ့္ ေဈးႏႈန္းကေတာ့ ဘယ္ေလာက္ ရွိမလဲဆိုတာကို မသိခဲ့ၾကပါဘူး။

ကုမၸဏီရဲ႕ အတည္ျပဳမႈနဲ႔ Mi 9 ဟာ Snapdragon 855 chipset အသုံးျပဳထားတယ္ဆိုတာ သိခဲ့ရပါတယ္။ ဒါ့အျပင္ အေနာက္ကင္မရာ သုံးလုံးအနက္ အဓိက ကင္မရာဟာ 48MP SonyIMX586 ျဖစ္တယ္ဆိုတဲ့အေၾကာင္းလည္း သိထားရပါတယ္။ က်န္ကင္မရာႏွစ္လုံးအနက္ တစ္လုံးက 12MP Telephoto ျဖစ္ၿပီး အျခားတစ္လုံးက 16MP Wide-Angle ကင္မရာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ေပါက္ၾကားထားတဲ့ Hands-on ဓါတ္ပုံေၾကာင့္ ေက်ာဘက္မွာ Fingerprint Scanner မပါဝင္တာကိုလည္း သိရွိခဲ့ရၿပီး ျဖစ္သလို ေပါက္ၾကားလာတဲ့ ပိုစတာေၾကာင့္ Under-Screen Fingerprint နဲ႔ ျဖစ္ေၾကာင္းလည္း ထပ္မံအတည္ျပဳႏိုင္ခဲ့ပါတယ္။

Xiaomi နဲ႔ပတ္သက္လာရင္ အသုံးျပဳထားတဲ့အစိတ္အပိုင္းေတြအေၾကာင္းသာမက၊ ကုမၸဏီက ေရာင္းခ်မယ့္ တန္ဖိုးအေၾကာင္းကိုလည္း လူတိုင္းက စိတ္ဝင္စားၾကပါတယ္။ အခုလည္း Mi 9 ရဲ႕ သတ္မွတ္တန္ဖိုးနဲ႔ပတ္သက္ၿပီး စိတ္ဝင္စားစရာ ျဖစ္ပါတယ္။ ကုမၸဏီက တရားဝင္ မေၾကညာေသးေပမယ့္ ေဈးႏႈန္းေပါက္ၾကားမႈေတြကေတာ့ ေပၚထြက္ေနၿပီ ျဖစ္ပါတယ္။

အခ်ိဳ႕သတင္းေတြမွာေတာ့ Standard version ကို CNY 3,499 ($516) ႏႈန္းနဲ႔ တ႐ုတ္ျပည္တြင္းမွာ ေရာင္းခ်မယ္လို႔ ေဖာ္ျပၾကပါတယ္။ အခ်ိဳ႕ ေပါက္ၾကားမႈမွာေတာ့ Mi 9 normal version 6/64GB ဟာ $369 ဝန္းက်င္ (ျမန္မာေငြက်ပ္ ၅ သိန္း ၆ ေသာင္းခြဲဝန္းက်င္) ျဖစ္ပါတယ္။ 8/12GB နဲ႔ 8/256GB version ေတြလည္း ရွိေသးတာကို ေတြ႕ရပါတယ္။ အျခားတစ္မ်ိဳးျဖစ္တဲ့ Transparent black ကေတာ့ $885 (ျမန္မာေငြက်ပ္ ၁၃ သိန္း ၅ ေသာင္းခြဲဝန္းက်င္) ျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိေဈးႏႈန္းေတြဟာ Xiaomi က တရားဝင္ေၾကညာလိုက္တာမဟုတ္တဲ့အတြက္ အနည္းငယ္ ေစာင့္ၾကည့္ဖို႔ေတာ့ လိုပါဦးမယ္။

Ref: GSMArena

[Unicode]

Xiaomi Mi 9 တရားဝင်ရုပ်ပုံအချို့နဲ့ ဈေးနှုန်းများ ထွက်ပေါ်လာ

Xiaomi ရဲ့ Mi 9 ကို လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ တရားဝင် မိတ်တော့မှာဖြစ်ပါတယ်။ Mi 9 နဲ့ ပတ်သက်ပြီး ပေါက်ကြားမှုတွေကတစ်ဆင့် အချက်အလက်အတော်များများကို သိခဲ့ရပေမယ့် ဈေးနှုန်းကတော့ ဘယ်လောက် ရှိမလဲဆိုတာကို မသိခဲ့ကြပါဘူး။

ကုမ္ပဏီရဲ့ အတည်ပြုမှုနဲ့ Mi 9 ဟာ Snapdragon 855 chipset အသုံးပြုထားတယ်ဆိုတာ သိခဲ့ရပါတယ်။ ဒါ့အပြင် အနောက်ကင်မရာ သုံးလုံးအနက် အဓိက ကင်မရာဟာ 48MP SonyIMX586 ဖြစ်တယ်ဆိုတဲ့အကြောင်းလည်း သိထားရပါတယ်။ ကျန်ကင်မရာနှစ်လုံးအနက် တစ်လုံးက 12MP Telephoto ဖြစ်ပြီး အခြားတစ်လုံးက 16MP Wide-Angle ကင်မရာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါက်ကြားထားတဲ့ Hands-on ဓါတ်ပုံကြောင့် ကျောဘက်မှာ Fingerprint Scanner မပါဝင်တာကိုလည်း သိရှိခဲ့ရပြီး ဖြစ်သလို ပေါက်ကြားလာတဲ့ ပိုစတာကြောင့် Under-Screen Fingerprint နဲ့ ဖြစ်ကြောင်းလည်း ထပ်မံအတည်ပြုနိုင်ခဲ့ပါတယ်။

Xiaomi နဲ့ပတ်သက်လာရင် အသုံးပြုထားတဲ့အစိတ်အပိုင်းတွေအကြောင်းသာမက၊ ကုမ္ပဏီက ရောင်းချမယ့် တန်ဖိုးအကြောင်းကိုလည်း လူတိုင်းက စိတ်ဝင်စားကြပါတယ်။ အခုလည်း Mi 9 ရဲ့ သတ်မှတ်တန်ဖိုးနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ကုမ္ပဏီက တရားဝင် မကြေညာသေးပေမယ့် ဈေးနှုန်းပေါက်ကြားမှုတွေကတော့ ပေါ်ထွက်နေပြီ ဖြစ်ပါတယ်။

အချို့သတင်းတွေမှာတော့ Standard version ကို CNY 3,499 ($516) နှုန်းနဲ့ တရုတ်ပြည်တွင်းမှာ ရောင်းချမယ်လို့ ဖော်ပြကြပါတယ်။ အချို့ ပေါက်ကြားမှုမှာတော့ Mi 9 normal version 6/64GB ဟာ $369 ဝန်းကျင် (မြန်မာငွေကျပ် ၅ သိန်း ၆ သောင်းခွဲဝန်းကျင်) ဖြစ်ပါတယ်။ 8/12GB နဲ့ 8/256GB version တွေလည်း ရှိသေးတာကို တွေ့ရပါတယ်။ အခြားတစ်မျိုးဖြစ်တဲ့ Transparent black ကတော့ $885 (မြန်မာငွေကျပ် ၁၃ သိန်း ၅ သောင်းခွဲဝန်းကျင်) ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဈေးနှုန်းတွေဟာ Xiaomi က တရားဝင်ကြေညာလိုက်တာမဟုတ်တဲ့အတွက် အနည်းငယ် စောင့်ကြည့်ဖို့တော့ လိုပါဦးမယ်။

Ref: GSMArena