[Zawgyi]

ၿပီးခဲ့တဲ့ ရက္တုန္းက Xiaomi Mi 9 အတြက္ ပထမဆုံး Flash Sale ကို တ႐ုတ္ႏိုင္ငံတြင္းမွာ ျပဳလုပ္သြားခဲ့ပါတယ္။ ၾကားသိရတဲ့ သတင္းအရ မနက္ ၁၀ နာရီမွာ ေရာင္းခ်မႈကို စတင္ ျပဳလုပ္ခဲ့ၿပီး ၅၃ စကၠန႔္အၾကာမွာ အကုန္လုံး ကုန္ေအာင္ ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဒီသတင္းကို Xiaomi က Weibo မွာ လႊင့္တင္ၿပီး အသိေပးေၾကညာခဲ့တာ ျဖစ္ပါတယ္။ Xiaomi ဟာ ၅၃ စကၠန႔္အတြင္း ကုန္ေအာင္လို႔ေရာင္းခ်ႏိုင္ခဲ့တဲ့ အလုံးေရပမာဏကို ထည့္သြင္းမေၾကညာခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္လည္း Xiaomi ဟာ လာမယ့္ မတ္လ ၅ ရက္ေန႔မွာ ထပ္မံေတြ႕ဆုံၾကမယ္လို႔ သတင္းစကား ပါးသြားခဲ့ပါတယ္။

Xiaomi Mi 9 ဟာ ေက်ာဘက္ ကင္မရာ သုံးလုံးတပ္ဆင္ထားၿပီး Sony IMX586 Sensor နဲ႔ 48MP အဓိကကင္မရာအပါအဝင္ 16MP Ultra-wide Camera နဲ႔ 12MP Telephoto ကင္မရာေတြကို တြဲစပ္ေပးထားတာ ျဖစ္ပါတယ္။ Ultra-wide ကေတာ့ 117 Degrees ျမင္ကြင္းက်ယ္ ဓာတ္ပုံေတြကို ႐ိုက္ကူးႏိုင္မွာျဖစ္ၿပီး Telephoto ကေတာ့ 2x Optical Zoom ကို ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။

FHD+ Super AMOLED Display ဟာ 6.39-inch ျဖစ္ၿပီး Waterdrop Notch ထဲမွာ 20MP Selfie ကင္မရာကို ထည့္သြင္းတပ္ဆင္ေပးထားပါတယ္။ ကင္မရာေတြအကုန္လုံးဟာ AI နည္းပညာသုံးေတြျဖစ္ၾကၿပီး Face Unlock အျပင္ Under Display Fingerprint Sensor လည္း ပါဝင္ေနတာ ျဖစ္ပါတယ္။

Mi 9 မွာ အသုံးျပဳထားတဲ့ ဘက္ထရီပမာဏက 3,300mAh ျဖစ္ၿပီး 27W (Charge Turbo) အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ေပးတယ္လို႔ သိရပါတယ္။ Snapdragon 855 Chipset ျဖစ္ၿပီး 6/8GB RAM, 64/128 GB Storage အျဖစ္ ႏွစ္သက္ရာ ေ႐ြးခ်ယ္ႏိုင္တယ္လို႔ သိရပါတယ္။

စပိန္၊ အီတလီ၊ ျပင္သစ္ စတဲ့ ဥေရာပႏိုင္ငံေတြမွာေတာ့ Pre-order တင္ႏိုင္ၿပီလို႔ သိရပါတယ္။ 6/128GB က $455 (ျမန္မာေငြ ၆ သိန္း ၉ ေသာင္းဝန္းက်င္) ျဖစ္ၿပီး 8/128 က $490 (ျမန္မာေငြ ၇ သိန္း ၅ ေသာင္းဝန္းက်င္) ျဖစ္ကာ Transparent 12/256 ကေတာ့ $595 (၉ သိန္း ၅ ေထာင္ဝန္းက်င္) ျဖစ္တယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

ပထမဆုံး Flash Sale မှာ ၅၃ စက္ကန့်အတွင်း အကုန်ရောင်းလိုက်ရတဲ့ Xiaomi Mi 9

ပြီးခဲ့တဲ့ ရက်တုန်းက Xiaomi Mi 9 အတွက် ပထမဆုံး Flash sale ကို တရုတ်နိုင်ငံတွင်းမှာ ပြုလုပ်သွားခဲ့ပါတယ်။ ကြားသိရတဲ့ သတင်းအရ မနက် ၁၀ နာရီမှာ စတင်ပြီး ရောင်းချမှုကို ပြုလုပ်ခဲ့ပြီး ၅၃ စက္ကန့်အကြာမှာ အကုန်လုံး ကုန်အောင် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို Xiaomi က Weibo မှာ လွှင့်တင်ပြီး အသိပေးကြေညာခဲ့တာ ဖြစ်ပါတယ်။ Xiaomi ဟာ ၅၃ စက္ကန့်အတွင်း ကုန်အောင်လို့ရောင်းချနိုင်ခဲ့တဲ့ အလုံးရေပမာဏကို ထည့်သွင်းမကြေညာခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း Xiaomi ဟာ လာမယ့် မတ်လ ၅ ရက်နေ့မှာ ထပ်မံတွေ့ဆုံကြမယ်လို့ သတင်းစကား ပါးသွားခဲ့ပါတယ်။

Xiaomi Mi 9 ဟာ ကျောဘက် ကင်မရာ သုံးလုံးတပ်ဆင်ထားပြီး Sony IMX586 Sensor နဲ့ 48MP အဓိကကင်မရာအပါအဝင် 16MP Ultra-wide camera နဲ့ 12MP Telephoto ကင်မရာတွေကို တွဲစပ်ပေးထားတာ ဖြစ်ပါတယ်။ Ultra-wide ကတော့ 117 Degrees မြင်ကွင်းကျယ် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး Telephoto ကတော့ 2x optical zoom ကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

FHD+ Super AMOLED Display ဟာ 6.39-inch ဖြစ်ပြီး Waterdrop Notch ထဲမှာ 20MP Selfie ကင်မရာကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ ကင်မရာတွေအကုန်လုံးဟာ AI နည်းပညာသုံးတွေဖြစ်ကြပြီး Face Unlock အပြင် Under Display Fingerprint Sensor လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

Mi 9 မှာ အသုံးပြုထားတဲ့ ဘက်ထရီပမာဏက 3,300mAh ဖြစ်ပြီး 27W (Charge Turbo) အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ Snapdragon 855 Chipset ဖြစ်ပြီး 6/8GB RAM, 64/128 GB Storage အဖြစ် နှစ်သက်ရာ ရွေးချယ်နိုင်တယ်လို့ သိရပါတယ်။

စပိန်၊ အီတလီ၊ ပြင်သစ် စတဲ့ ဥရောပနိုင်ငံတွေမှာတော့ Pre-order တင်နိုင်ပြီလို့ သိရပါတယ်။ 6/128GB က $455 (မြန်မာငွေ ၆ သိန်း ၉ သောင်းဝန်းကျင်) ဖြစ်ပြီး 8/128 က $490 (မြန်မာငွေ ၇ သိန်း ၅ သောင်းဝန်းကျင်) ဖြစ်ကာ Transparent 12/256 ကတော့ $595 (၉ သိန်း ၅ ထောင်ဝန်းကျင်) ဖြစ်တယ်လို့ သိရပါတယ်။

Ref: GSMArena