[Zawgyi]

Mi 9 ကို ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ မိတ္ဆက္မယ္ဆိုတဲ့ သတင္းကို Teaser နဲ႔အတူ တရားဝင္ ထုတ္ျပန္လိုက္ၿပီး သိပ္မၾကာခင္မွာပဲ Mi 9 ရဲ႕ Hands-on ဓါတ္ပုံေတြ ထြက္ေပၚလာခဲ့ပါေတာ့တယ္။ ၾကည့္ရတာေတာ့ တရားဝင္ေၾကညာတာနဲ႔ ခ်က္ခ်င္းတင္ႏိုင္ဖို႔ ႀကိဳးစားထားတဲ့ ပုံစံပါပဲ။

Mi 9 ဟာ ႀကိဳတင္သတင္းေတြအတိုင္း ဘာမွမေျပာင္းလဲဘူးလို႔ ဆိုရမွာပါ။ Hands-on ပုံေတြမွာေတာ့ ေက်ာဘက္ ကင္မရာသုံးလုံးကို ျမင္သာထင္သာရွိေအာင္ ႐ိုက္ကူးျပသထားပါတယ္။ Waterdrop notch နဲ႔ အေရွ႕ဘက္မ်က္ႏွာျပင္ကိုလည္း အစစ္အမွန္အတိုင္း ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ရၿပီျဖစ္ပါတယ္။

ေသးငယ္တဲ့ Notch ေၾကာင့္ Mi 9 မွာ 3D face-scanning နည္းပညာ မပါဝင္ဘူးလို႔ ဆိုရမွာပါပဲ။ Bezels ေတြကေတာ့ သိပ္ၿပီးပါးလႊာလြန္းတယ္လို႔ ေျပာလို႔မရေပမယ့္ စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ေတာ့ ထူေနတာမဟုတ္ပါဘူး။ ေအာက္ဘက္က Chin ကလည္း ခပ္ပါးပါးပါပဲ။

ေက်ာဘက္မွာေတာ့ ကင္မရာသုံးလုံးကို ထင္ထင္ရွားရွားေတြ႕ျမင္ရေပမယ့္ Fingerprint Scanner ကိုမေတြ႕ရတာေၾကာင့္ Under-Screen Fingerprint ျဖစ္ဖို႔ေတာ့ ေသခ်ာပါတယ္။ Fast Charging ကို 27W ေလာက္ထိ ရ၊ မရပဲ အတည္ျပဳလို႔မရေသးတာပါ။ Chipset ကေတာ့ Snapdragon 855 နဲ႔ X24 Modem ပါဝင္မယ္ဆိုတာကေတာ့ အားလုံးလည္း သိၿပီးသား ျဖစ္ပါလိမ့္မယ္။

Ref: GSMArena

[Unicode]

Xiaomi Mi 9 ရဲ့ Hands-on ဓါတ်ပုံများ ထွက်ပေါ်လာ

Mi 9 ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မိတ်ဆက်မယ်ဆိုတဲ့ သတင်းကို Teaser နဲ့အတူ တရားဝင် ထုတ်ပြန်လိုက်ပြီး သိပ်မကြာခင်မှာပဲ Mi 9 ရဲ့ Hands-on ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတော့တယ်။ ကြည့်ရတာတော့ တရားဝင်ကြေညာတာနဲ့ ချက်ချင်းတင်နိုင်ဖို့ ကြိုးစားထားတဲ့ ပုံစံပါပဲ။

Mi 9 ဟာ ကြိုတင်သတင်းတွေအတိုင်း ဘာမှမပြောင်းလဲဘူးလို့ ဆိုရမှာပါ။ Hands-on ပုံတွေမှာတော့ ကျောဘက် ကင်မရာသုံးလုံးကို မြင်သာထင်သာရှိအောင် ရိုက်ကူးပြသထားပါတယ်။ Waterdrop notch နဲ့ အရှေ့ဘက်မျက်နှာပြင်ကိုလည်း အစစ်အမှန်အတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့ရပြီဖြစ်ပါတယ်။

သေးငယ်တဲ့ Notch ကြောင့် Mi 9 မှာ 3D face-scanning နည်းပညာ မပါဝင်ဘူးလို့ ဆိုရမှာပါပဲ။ Bezels တွေကတော့ သိပ်ပြီးပါးလွှာလွန်းတယ်လို့ ပြောလို့မရပေမယ့် စိတ်ပျက်စရာကောင်းလောက်အောင်တော့ ထူနေတာမဟုတ်ပါဘူး။ အောက်ဘက်က Chin ကလည်း ခပ်ပါးပါးပါပဲ။

ကျောဘက်မှာတော့ ကင်မရာသုံးလုံးကို ထင်ထင်ရှားရှားတွေ့မြင်ရပေမယ့် Fingerprint Scanner ကိုမတွေ့ရတာကြောင့် Under-Screen Fingerprint ဖြစ်ဖို့တော့ သေချာပါတယ်။ Fast Charging ကို 27W လောက်ထိ ရ၊ မရပဲ အတည်ပြုလို့မရသေးတာပါ။ Chipset ကတော့ Snapdragon 855 နဲ့ X24 Modem ပါဝင်မယ်ဆိုတာကတော့ အားလုံးလည်း သိပြီးသား ဖြစ်ပါလိမ့်မယ်။

Ref: GSMArena