Xiaomi Mi A3 ဟာ Software Update နဲ့ ပတ်သက်ပြီး ကံမကောင်းခဲ့ဘဲ ပြဿနာများစွာ တက်ခဲ့ပါတယ်။ Xiaomi ဟာ Android 11 Builds ကို အဲဒီ ဖုန်းအတွက် ၃ ကြိမ် ဖြန့်ချိပေးခဲ့ထားပါပြီ။ ပြီးခဲ့တဲ့ နှစ်ကုန်မှာ Mi A3 ဟာ ပထမဆုံး Android 11 OTA Update ရခဲ့ပြီး User များစွာက Brick ဖြစ်သွားတယ်လို့ ပြောကြပါတယ်။ အဲဒီအတွက် Update ကို ရပ်နားခဲ့ရပြီး Brick ဖြစ်သွားတဲ့ ဖုန်းတွေကို အခမဲ့ ပြုပြင်ပေးခဲ့ရပါတယ်။

Screen recording is available once again

Update ရပ်နားမှုဟာ နာရီအနည်းငယ်ပဲကြာမြင့်ခဲ့ပြီး OTA ကနေ ပြန်ပေးခဲ့ပါတယ်။ Xiaomi က မြန်မြန် ပြင်ဆင်ပေးနိုင်ခဲ့တာ ချီးကျူးစရာပါ။ ဒါပေမယ့် ဒုတိယမြောက် Android 11 Build မှာ လုပ်ဆောင်ချက် တချို့ မပါလာခဲ့ပါဘူး။ Built-in Screen Recorder မပါလာခဲ့သလို Android Security Patches ကလည်း ဒိတ်အောက်နေပါတယ်။

အခုတော့ Xiaomi က တတိယမြောက် Android 11 Update ကို ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး Global Version Built Number က V12.0.4.0.RFQMIXM ဖြစ်ပါတယ်။ ဖိုင်အရွယ်အစားက 329MB ဖြစ်ပြီး Screen Recorder လုပ်ဆောင်ချက်နဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွက် Security Patches ၂ ခုစလုံး ပါလာပါတယ်။ YouTube Music App ဟာ Android System App ဖြစ်လာပါတယ်။ တတိယမြောက် Update ဟာ အဆင်ပြေချောမွတ်ပါစေလို့ပဲ ဆုတောင်းလိုက်ရပါတယ်။

Ref : gsmarena