Xiaomi ဟာ ဒီဇိုင်းရိုးရှင်းတဲ့ ထုတ်ကုန်တွေကို အများစု ထုတ်လုပ်တဲ့အတွက် Luxury ထုတ်ကုန်လို့ ပြောလိုက်ရင် Xiaomi ကို နောက်ဆုံးမှ စဉ်းစားရမှာပါ။ ဒါပေမယ့် အခုတော့ Xiaomi က ရွှေဖရိမ် ပါတဲ့ အထူးထုတ် Mi Band 6 နဲ့ Fans တွေကို အံ့အားသင့်အောင် ပြုလုပ်လိုက်ပါတယ်။ ရွှေ အစစ် ဖြစ်တဲ့အတွက် ဈေးက မသေးဘဲ ၂,၅၂၉ ယွမ် တန်ကြေးရှိပြီး မြန်မာငွေ ၇သိန်း ဝန်းကျင် ရှိပါတယ်။

Xiaomi ဟာ သတ္တုတွင်း ကုမ္ပဏီ China Gold ၊ China Academy of Arts တို့နဲ့ ပူးပေါင်းပြီး ရွှေ ဖရိမ်ပါတဲ့ စမတ်လက်ပတ်တွေကို ဖန်တီးထားပါတယ်။ အဲဒီ ရွှေ ဖရိမ်ကို Xiaomi Mi Band 4,5,6 နဲ့ 7 တွေမှာ ရွေးချယ်နိုင်ပါတယ်။

ရွှေ ဖရိမ်ပါတဲ့ စမတ်လက်ပတ်တွေရဲ့ ဈေးက အစားစား ရှိပြီး ဈေးအကြီးဆုံးက Xiaomi Mi Band 6 ဖြစ်ပါတယ်။ လက်ရှိမှာ ၃၇၅ ဒေါ်လာ လျှော့ဈေးနဲ့ ရောင်းနေပေမယ့် နောက်ပိုင်းမှာ မူလဈေးက ၄၄၀ ဒေါ်လာ ဖြစ်မှာပါ။

ရွှေ ဖရိမ်ပါတဲ့ စမတ်လက်ပတ်တွေအတွက် Set များစွာ ထုတ်လုပ်ထားပြီး ဝက်ပျံ ဒီဇိုင်း ပါတဲ့ မော်ဒယ်လည်း ရှိပါတယ်။ တရုတ်မှာ ဝက်ဟာ ကံကောင်းခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းရဲ့ သင်္ကေတ ဖြစ်ပါတယ်။ ဒါ့အပြင် ကျားပျံ ဒီဇိုင်း ပါတဲ့ မော်ဒယ်ကိုလည်း ထုတ်လုပ်ထားပါတယ်။

Xiaomi ဟာ ရွှေ ဖရိမ်ပါတဲ့ စမတ်လက်ပတ်တွေကို YouPin ဝက်ဘ်ဆိုက်ကနေ ရောင်းချနေပါတယ်။ Xiaomi က တရုတ်မှာပဲ ရောင်းချမှာ ဖြစ်တဲ့အတွက် တရုတ် ပြင်ပက လူတွေအတွက် ဝယ်ယူလို့ မရနိုင်ပါဘူး။

Ref : gizmochina