Unicode

Xiaomi ကနေ ယခင်တုန်းက Foldable Concept ဖုန်းကို ပြသခဲ့ပေမယ့် အဆိုပါ Foldable Phone အစား Display ကို နောက်ကျောဘက်အထိပါဝင်လာတဲ့ Mi Mix Alpha ကိုပဲ ထုတ်ပြသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Xiaomi Mi Mix Fold လို့ ယူဆရတဲ့ Foldable Phone Design မူပိုင်ခွင့်တစ်ခုက ထွက်ပေါ်လာပါတယ်။

ယခု Mi Mix Fold ဖြစ်လာနိုင်တဲ့ မူပိုင်ခွင့် Design ဟာ လက်ရှိ Huawei Mate X Foldable Phone နဲ့ ပိုပြီးဆင်တူပြီးတော့ နောက်ကျောဘက်မှာ Dual Camera Setup ကို ထည့်သွင်းထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei Mate X လိုမျိုးပဲ Display ကို အပြင်ဘက်ကို ခေါက်ချိုးရမှာပါ။

တစ်ခုထူးခြားတာကတော့ အဆိုပါ Design အရ Display ဟာ Curved Design ဖြစ်ပြီးတော့ Punch-hole Selfie ကတော့ မူပိုင်ခွင့် Design မှာပါဝင်ခြင်းမရှိပါဘူး။ ဒါ့အပြင် Specification တွေကိုလည်း မသိရှိရပေမယ့် Flagship Model ဖြစ်နိုင်တဲ့အတွက် Qualcomm Snapdragon 865 Processor ကို သုံးလာမှာပါ။

Xiaomi ကတော့ လက်ရှိအချိန်မှာ Mi Mix Alpha ကိုတောင် ရောင်းချမယ့်အချိန်ကို ပြောကြားခြင်းမရှိသေးတဲ့အတွက် အခု Mi Mix Fold ကို ဘယ်အချိန်မှာ ကြေညာမလဲဆိုတာ ခန့်မှန်းနိုင်ခြင်းမရှိသေးပါဘူး။

Ref – Giz China

Zawgyi





Ref – Giz China