Xiaomi က Mix Flip အမည်ရ Clamshell Flip Folding ဖုန်းကို ကြေညာလိုက်ပါတယ်။ Xiaomi Mix Flip မှာ ကြီးမားတဲ့ 4.01” Cover Display တပ်ဆင်ထားပြီး 120Hz Refresh Rate, 1.5K Resolution နဲ့ 3,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display အထက်မှာ ထိခိုက်မှုကို ခံနိုင်တဲ့ Dragon Crystal Glass နဲ့ ကာကွယ်ထားပါတယ်။ Cover Display ရဲ့ အထက်မှာ Earpiece နဲ့ Microphone တပ်ဆင်ထားပြီး ဖုန်းဖွင့်စရာ မလိုဘဲ ဖုန်း ပြောနိုင်ပါတယ်။

ပင်မ Display ဟာ 6.86” ဖြစ်ပြီး တူညီတဲ့ Resolution , Refresh Rate နဲ့ Peak Brightness ထောက်ပံ့ထားပါတယ်။ ပါဝါခလုတ်အောက်မှာ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ ဖုန်း အလေးချိန်ဟာ ၁၉၂ ဂရမ် ဖြစ်ပြီး ခေါက်ထားရင် အထူက ၁၅.၉၉ မီလီမီတာ ဖြစ်ပါတယ်။

Xiaomi Mix Flip announced with a big cover screen, big 4,780mAh battery

အနောက်ဘက်မှာ Leica ကင်မရာ တပ်ဆင်ထားပြီး 50MP Main (OIS) နဲ့ 50MP Telephoto (2x Zoom) ဖြစ်ပါတယ်။ အတွင်းဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ ထည့်သွင်းထားပါတယ်။

Xiaomi Mix Flip announced with a big cover screen, big 4,780mAh battery

Xiaomi Mix Flip မှာ Snapdragon 8 Gen 3 SoC မောင်းနှင်ထားပြီး 16GB LPDDR5 RAM နဲ့ 1TB UFS 4.0 Storage ထည့်သွင်းထားပါတယ်။ အပူချိန် လျှော့ချပေးဖို့ 3D Vapor Cooling Chamber ပါပါတယ်။ 67W Fast Charging ထောက်ပံ့တဲ့ 4,780mAh Battery ထည့်သွင်းထားပြီး Android 14 အခြေပြု HyperOS မောင်းနှင်ထားပါတယ်။

Xiaomi Mix Flip announced with a big cover screen, big 4,780mAh battery

White, Purple နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 12/256GB ကို ၈၂၅ ဒေါ်လာ၊ 12/512GB ကို ၈၉၄ ဒေါ်လာနဲ့ 16GB/1TB ကို ၁,၀၀၄ ဒေါ်လာ သတ်မှတ်ထားပြီး ဒီလ ၂၃ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gizmochina