လပေါင်းများစွာ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် Xiaomi က Mix Fold3 ကို ဒီလ ၁၄ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Xiaomi CEO Lei Jun က အဲဒီဖုန်းကို ကြေညာမှာ ဖြစ်ပြီး ဘေဂျင်း စံတော်ချိန် ည ၇ နာရီမှာ မိတ်ဆက်ပွဲကို စတင်မှာ ဖြစ်ပါတယ်။ Lei Jun က Mix Fold3 ကို အဖက်ဖက်က ပြည့်စုံတဲ့ စွမ်းရည်မြင့် စမတ်ဖုန်းလို့ ညွှန်းဆိုထားပါတယ်။ ကုမ္ပဏီက မျှဝေထားတဲ့ ပိုစတာမှာ အဲဒီဖုန်းကို Foldable မျက်နှာပြင်အတွက် စံနှုန်း အသစ် တစ်ခုလို့ ရေးသားထားပါတယ်။

Xiaomi Mix Fold 3 launch event poster

Lei Jun က Mix Fold3 ရဲ့ တည်ဆောက်မှု အဆင့်တွေကို ပြောပြလိုက်ပါတယ်။ သူက  Xiaomi အင်ဂျင်နီယာတွေဟာ အဲဒီဖုန်းရဲ့ Structure နဲ့ Folding မျက်နှာပြင်ကို ပြန်လည် တည်ဆောက်ခဲ့ရတယ်ဆိုပြီး ဝီဘိုမှာ ရေးသားထားပါတယ်။ Xiaomi က Mix Fold3 ဒီဇိုင်းကို ပြသထားတဲ့ တရားဝင် Teaser Video တစ်ခုကိုလည်း မျှဝေထားပါတယ်။

Mix Fold3 မှာ Hinge Mechanism အသစ်ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ Teaser ပိုစတာမှာ ဖုန်း အနောက်ဘက်မှာ Leica ကင်မရာ ၄ လုံး တပ်ဆင်ထားတာ မြင်ရပြီး Leica Branding နဲ့ Periscope Lens ကို တွေ့ရပါတယ်။

တချို့ သတင်းတွေအရ Xiaomi Mix Fold3 ကို တရုတ်မှာပဲ ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာမှာ မရောင်းချဘူးလို့ သိရပါတယ်။

Ref : gsmarena