Xiaomi က Mix Fold 3 ကို ဩဂုတ်လမှာ ကြေညာမယ်လို့ ဒီလ အစောပိုင်းက အတည်ပြုခဲ့ပြီး Manufacturing အသစ်နဲ့ ထုတ်တဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ Foldable ကိုယ်ထည်ကို ခိုင်မာတောင့်တင်းစေဖို့ ပိုကောင်းတဲ့ ဒီဇိုင်း ပါလာမှာပါ။
အခုတော့ ကုမ္ပဏီရဲ့ တရားဝင် ဝီဘို အကောင့်ကနေ အရင်က ထွက်ခဲ့တဲ့သတင်းကို အတည်ပြုလိုက်ပါတယ်။ အဲဒါကတော့ Mix Fold 3 မှာ Leica ကင်မရာ ၄ လုံး ပါလာမှာ ဖြစ်ပြီး အရင်မျိုးဆက်မှာတော့ ကင်မရာ ၃ လုံးပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ Vivo နဲ့ Huawei တို့ရဲ့ Foldable ဖုန်းတွေမှာပဲ အနောက်ကင်မရာ ၄ လုံး တပ်ဆင်ထားတာ ဖြစ်ပြီး Xiaomi Mix Fold 3 မှာ Wide, Ultrawide နဲ့ Telephoto ကင်မရာ ၂ လုံး ပါလာနိုင်ပါတယ်။ ၁ လုံးက Periscope Lens ဖြစ်နိုင်ပါတယ်။ Mix Fold 3 ရဲ့ တခြား Specs တွေကို မသိရသေးပါဘူး။
Xiaomi Mix Fold 2 ဟာ ကြေညာချိန်မှာ အပါးလွှာဆုံး Foldable ဖုန်း ဖြစ်လာပြီး Mix Fold ဟာ 67W Fast Charging ပါတဲ့ ပထမဆုံး Foldable ဖုန်း ဖြစ်ခဲ့ပါတယ်။ Xiaomi က Fold Series ကို နိုင်ငံတကာမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။
Ref : gsmarena