Xiaomi က ဩဂုတ်လမှာ Mix Fold 3 ကို ကြေညာတော့မယ်လို့ ထင်ရပါတယ်။ အဲဒီဖုန်းမှာ Snapdragon 8 Gen 2 Chipset ပါလာမယ်ဆိုတဲ့သတင်းတွေထွက်နေတာ ကြာပါပြီ။ အခုတော့ Snapdragon 8 Gen 2 ရဲ့ Overclocked Version ထည့်ထားမယ်လို့ သတင်းထွက်လာပါတယ်။

Xiaomi MIX Fold 2

Xiaomi Mix Fold 3 မှာ 3.36GHz Snapdragon 8 Gen 2 ပါလာမှာ ဖြစ်ပြီး မူလ 3.2GHz ရဲ့ Overclocked Version ဖြစ်ပါတယ်။ မကြာခင်က ကြေညာခဲ့တဲ့ Red Magic 8s Pro Gaming စမတ်ဖုန်းမှာလည်း အဲဒီ Chip ထည့်ထားတာပါ။ Mix Fold 3 မှာ အဲဒီ Chip နဲ့အတူ 16GB RAM , 1TB Storage တို့ ပါလာမှာ ဖြစ်ပြီး 67W Wired နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 4,800mAh Battery ထည့်ထားမှာပါ။

Xiaomi Mix Fold 3 getipt te lanceren als een dunner en lichter opvouwbaar vlaggenschip in vergelijking met 2023 rivaal - Notebookcheck.nl Nieuws

Waterdrop Hinge တပ်ဆင်ထားမှာ ဖြစ်တဲ့အတွက် အလေးချိန် ပေါ့ပါးသလို ပိုမို အကြမ်းခံမှာပါ။ ပေါက်ကြားသတင်းတွေအရ Mix Fold 3 မှာ 6.56” Cover မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ပါလာမှာပါ။ 8.02” Foldable မျက်နှာပြင်က Quad HD+ Resolution ရှိမှာပါ။ မျက်နှာပြင် ၂ ခုစလုံးမှာ 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။

အတွင်းဘက်မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားမှာပါ။ အနောက်ဘက်မှာ Sony IMX800 Main ကင်မရာ၊ Periscope Zoom ကင်မရာ (10x Optical Zoom) ၊ Telephoto ကင်မရာ (3.2x Optical Zoom) နဲ့ Ultra-wide Lens တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး Android 13 အခြေပြု MIUI 14 မောင်းနှင်ထားမှာပါ။

Ref : gizmochina