Xiaomi ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း Foldable ဖုန်းတွေကို ဒုတိယနှစ်ဝက်မှာ ရောင်းချလေ့ရှိတဲ့အတွက် လာမယ့်လအနည်းငယ်အတွင်း နောက်မျိုးဆက် Foldable ဖုန်းထွက်လာနိုင်ပါတယ်။ အဲဒီဖုန်းဟာ Xiaomi Mix Fold 3 ဖြစ်နိုင်ပြီး အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေကို ဖေဖော်ဝါရီလကတည်းက ကြားနေရပါတယ်။
အခုတော့ နာမည်ကြီး Tipster Digital Chat Station က အဲဒီဖုန်းရဲ့ Specs တချို့ကို မျှဝေလိုက်ပါတယ်။ Mix Fold 3 မှာ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားပြီး ကင်မရာ ၄ လုံးပါလာမှာပါ။
၂ လုံးက Zoom Lenses တွေ ဖြစ်ပြီး ၁ လုံးက Portrait အတွက် 3.2x Zoom Lens နဲ့ နောက် ၁ လုံးက Long-range Zoom အတွက် 5x Periscope Lens တို့ ဖြစ်ပါတယ်။ 50MP Sony IMX989 1-inch main camera လို့လည်း သိရပါတယ်။
ပြုတ်ကျတာကို ခံနိုင်တဲ့ Water-drop Hinge အသစ်ကို အသုံးပြုထားမှာပါ။ အရင်မျိုးဆက်လိုပဲ ပါးလွှာ ပေါ့ပါးပြီး 67W Wired နဲ့ 50W Wireless Charging ထောက်ပံ့ထားမှာပါ။
အရင်က သတင်းတွေအရ Mix Fold 3 မှာ 8.02” Main မျက်နှာပြင်နဲ့ 6.5” Cover မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး ၂ ခုစလုံးမှာ FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။
LPDDR5 RAM နဲ့ UFS 4.0 Storage ထည့်သွင်းထားပြီး မျက်နှာပြင်အောက် ကင်မရာ ပါလာမှာပါ။ အနောက်ဘက်ကို သားရေနဲ့ ဖန်နဲ့အုပ်ထားတဲ့ မော်ဒယ်တွေ ထွက်လာနိုင်ပါတယ်။
Ref : gizmochina