လက်ရှိမှာ Foldable ဖုန်းတွေ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ များများစားစား မရှိသေးပါဘူး။ Xiaomi ဟာ Foldable ဖုန်း ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ အနည်းငယ်ထဲမှာ ပါဝင်ပြီး MIX Fold နဲ့ MIX Fold 2 ကို ရောင်းချထားပါတယ်။ အခုတော့ ကုမ္ပဏီဟာ တတိယမျိုးဆက် MIX Fold 3 ကို ဖန်တီးနေတဲ့ သတင်းထွက်လာပါတယ်။
MIX Fold 3 မှာ Periscope Telephoto ဆန်ဆာ တပ်ဆင်ထားမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပြီး Xiaomi ဟာ အရင်မျိုးဆက်ရဲ့ ကင်မရာ အားနည်းချက်ကို ပြင်ဆင်ထားမှာပါ။ အရင်မျိုးဆက် MIX Fold 2 မှာ 8MP 2x Telephoto ကင်မရာကို သုံးထားပါတယ်။ MIX Fold 3 ရဲ့ Periscope Telephoto ကင်မရာမှာ ပိုမိုမြင့်မားတဲ့ Optical Zoom Effect ပါလာမှာပါ။
Xiaomi MIX Fold 3 ရဲ့ Periscope Telephoto Lens ဟာ အရည်အသွေး ပိုမိုမြင့်မားတဲ့ ရုပ်ပုံတွေကို ဖမ်းယူပေးနိုင်မယ်လို့ ထင်ပါတယ်။ အရင်မျိုးဆက်လိုပဲ ပေါ့ပါး ကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ ထွက်လာနိုင်ပြီး မျက်နှာပြင်အောက်မှာ မြှပ်နှံထားတဲ့ ကင်မရာ နည်းပညာ ပါလာနိုင်ပါတယ်။ အဲဒီအတွက် Full Screen ဒီဇိုင်း ဖြစ်ပြီး Notch နဲ့ Punch Hole မပါလာနိုင်ပါဘူး။
Foldable ဖုန်းဈေးကွက်မှာ ဦးဆောင်နေတာက Samsung ဖြစ်ပြီး ကုမ္ပဏီဟာ Foldable ဖုန်း အများဆုံးထုတ်လုပ်ထားသလို ဈေးကွက်ဝေစု အများဆုံးရထားပါတယ်။ အစောပိုင်းမှာ Huawei ဟာ Samsung နဲ့ ရင်ဘောင်တန်းကာ Foldable ဖုန်းတွေ ထုတ်လုပ်နေတာပါ။ ဒါပေမယ့် အမေရိကန်က Huawei ကို Ban ပြီးနောက်မှာ Huawei ဟာ Foldable ဖုန်း ထုတ်လုပ်မှု ကျဆင်းသွားပါတယ်။
Ref : gizchina