vivo က X Fold2 ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာပြီးနောက်မှာ တရုတ် Leaksters တွေဟာ Xiaomi Mix Fold3 ကို အာရုံစိုက်လာကြပါတယ်။ Digital Chat Station က Xiaomi Mix Fold3 ကို ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်မှာ ကြေညာမှာ ဖြစ်ပြီး Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမယ်လို့ ပြောပါတယ်။
Xiaomi Mix Fold3 မှာ Periscope ကင်မရာနဲ့ ရေစိုခံကိုယ်ထည် ပါလာမှာ ဖြစ်ပါတယ်။ IP Rating အတိအကျကို မသိရသေးပါဘူး။ Xiaomi ဟာ Mix Fold3 ကို စမ်းသပ်ပြီးပြီလို့ သိရပါတယ်။
Xiaomi Mix Fold2 မှာ 67W Charging ထည့်သွင်းထားပြီး Xiaomi ဟာ Mix Fold3 မှာလည်း တူညီတဲ့ အားသွင်းနှုန်းကို ထည့်သွင်းပေးထားနိုင်ပါတယ်။ Xiaomi Mix Fold3 မှာ စတင် မိတ်ဆက်လာမှာက Wireless Charging ဖြစ်ပြီး Wearables တွေကို အားသွင်းပေးနိုင်တဲ့ Reverse Wireless Charging လည်း ပါလာနိုင်ပါတယ်။
Digital Chat Station က Mix Fold3 ဟာ လက်ရှိ Mix Fold2 ထက် ပိုမိုပါးလွှာကာ ပေါ့ပါးလာမယ်လို့ ပြောပေမယ့် အရွယ်အစား အတိအကျကို မပြောပါဘူး။
Ref : gsmarena