Xiaomi ဟာ လာမယ့် ဧပြီလအတွင်းမှာ Xiaomi 13 Ultra Flagship ဖုန်းကို တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရ Xiaomi ဟာ ၂၀၂၃ ဒုတိယနှစ်ဝက်ပိုင်းမှာ Foldable ဖုန်းအသစ်ကို မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။
အဆိုပါသတင်းကို တရုတ်နိုင်ငံတွင်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ပြောကြားခဲ့တာဖြစ်ပြီး Xiaomi ဟာ ၂၀၂၃ ဒုတိယနှစ်ဝက်အတွင်းမှာ Xiaomi Mix Fold 3 ဖုန်းကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဘယ်အချိန်လဲဆိုတာကို အတိအကျဖော်ပြခဲ့ခြင်းမရှိပေမယ့် လာမယ့် သြဂုတ်လအတွင်း မိတ်ဆက်လာနိုင်ပါတယ်။
Digital Chat Station ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ယခုနှစ်အတွက် Xiaomi ကနေ မိတ်ဆက်ဖို့ရှိနေတဲ့ ဖုန်း ၄ မျိုးမှာ USB 3.2 Port ပါဝင်လာမယ်လို့ ဖော်ပြခဲ့တာကြောင့် Xiaomi Mix Fold 3 ဟာ ပထမဆုံးသော ဖုန်းဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် Snapdragon 8 Gen 2 Chipset ၊ 16GB LPDDR5X RAM ၊ 512GB သို့မဟုတ် 1TB UFS 4.0 Storage တွေပါ ပါဝင်လာဖွယ်ရှိပါတယ်။
Xiaomi ကနေ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Xiaomi Mix Fold 2 ဖုန်းဟာ 8.02″ AMOLED Display ပါဝင်တဲ့ Foldable ဖုန်းတစ်လုံးဖြစ်ပြီး အပြင်ဘက် Display ကလည်း 6.56″ AMOLED Display ကို အသုံးပြုထားပါတယ်။ Display ၂ ခုစလုံးက 120Hz Refresh Rate ကို ထောက်ပံ့ပေးနိုင်ပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း Snapdragon 8+ Gen 1 Chipset ၊ 12GB RAM နဲ့ 1TB Storage တွေပါဝင်ခဲ့ပါတယ်။
Ref – Gizmo China