Xiaomi က စတုတ္ထမျိုးဆက် စာအုပ်စတိုင် Mix Fold 4 ကို ကြေညာလိုက်ပါတယ်။ ဖုန်းရဲ့ အပြင်ဘက် Display ဟာ 6.56” ဖြစ်ပြီး အတွင်းဘက် Display က 7.98” 2488x2224p ဖြစ်ပါတယ်။ Display ၂ ခုစလုံးမှာ OLED Panel, 120Hz Refresh Rate, 3000 Nits Peak Brightness , HDR10+ , HDR Vivid နဲ့ Dolby Vision ပါပါတယ်။ အတွင်းဘက် Display အောက်မှာ ကင်မရာ ၁ လုံးမြှပ်နှံထားပါတယ်။

Xiaomi Mix Fold 4 is here: thinner and lighter body, SD 8 Gen 3 and 5x periscope camera

ကင်မရာ အကြောင်းပြောရရင် အနောက်ဘက်မှာ Leica ကင်မရာတွေ တပ်ဆင်ထားပြီး 50MP Main , 12MP Ultrawide Angle, 50MP Portrait Telephoto (2x Zoom) , 50MP Periscope (5x Zoom) ဖြစ်ပါတယ်။

Xiaomi Mix Fold 4 debuts with thinner and lighter design, SD 8 Gen 3 and 5x periscope

Xiaomi Mix Fold 4 မှာ Snapdragon 8 Gen 3 မောင်းနှင်ထားပြီး 16GB RAM နဲ့ 1TB Storage အထိ ထည့်သွင်းထားပါတယ်။ 67W Wired နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 5,100mAh Battery ပါပါတယ်။ အပူချိန်လျှော့ချပေးတဲ့ VC System ထည့်သွင်းထားပြီး HyperOS မောင်းနှင်ထားပါတယ်။ AI Feature များစွာ ပါပါတယ်။  ဂြိုလ်တု ဆက်သွယ်ရေး ထည့်သွင်းထားပြီး လိုင်း မမိတဲ့ အချိန်မှာ စာပို့နိုင်၊ စာလက်ခံနိုင်ပါတယ်။

Xiaomi Mix Fold 4 in black, white and blue

Xiaomi Mix Fold 4 ရဲ့ 12/256GB ကို ၁၂၃၇ ဒေါ်လာ၊ 16/512GB ကို ၁၃၇၅ ဒေါ်လာနဲ့ 16GB/1TB ကို ၁၅၁၃ ဒေါ်လာ သတ်မှတ်ထားပြီး Black, White နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Xiaomi Mix Fold 4 debuts with thinner and lighter design, SD 8 Gen 3 and 5x periscope

Ref : gizmochina