Xiaomi က တရုတ်မှာ Pad 6 Max ကို ကြေညာလိုက်ပြီး Pad 6 Series ထဲမှာ စွမ်းရည်အမြင့်ဆုံး ဖြစ်ပါတယ်။ Pad 6 Max ရဲ့ ဒီဇိုင်းဟာ တခြား Pad 6 Series နဲ့ တူညီပြီး သတ္တုကိုယ်ထည် တပ်ဆင်ထားကာ အနောက်ဘက်မှာ စတုရန်း ကင်မရာ Module ထည့်သွင်းထားပါတယ်။
မျက်နှာပြင်နဲ့ အသံအပိုင်းမှာ အဆင့်မြှင့်ထားပြီး Pad 6 Series ထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။ 14” LCD မျက်နှာပြင် တပ်ဆင်ထားပြီး Pad 6 Pro ထက် ၆၂ ရာခိုင်နှုန်း ပိုမိုကြီးမားပါတယ်။ 120Hz Refresh Rate နဲ့ 2.8K Resolution ထောက်ပံ့ထားပြီး Dolby Atmos ပါတဲ့ စပီကာ ၈ လုံး ထည့်ထားပါတယ်။
အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 20MP Main နဲ့ Facial Unlock အတွက် 3D ToF Sensor ထည့်ထားပါတယ်။
Snapdragon 8+ Gen 1 Chip မောင်းနှင်ထားပြီး 16GB RAM နဲ့ 1TB Storage အထိ ထုတ်လုပ်ထားပါတယ်။ 67W Fast Charging နဲ့ 33W Reverse Charging ထောက်ပံ့တဲ့ 10,000mAh Battery ပါလာပြီး Battery သက်တမ်း ပိုကောင်းစေတဲ့ Surge G1 Protection Chip ထည့်ထားပါတယ်။
Xiaomi Pad 6 Max မှာ Android 13 အခြေပြု MIUI Pad 14 မောင်းနှင်ထားပြီး App ၄ ခုကို တစ်ပြိုင်နက် သုံးလို့ရတဲ့ Split Screen Mode ပါပါတယ်။ တက်ဘလက်ကို Trackpad ပါတဲ့ ကီးဘုတ်နဲ့ တွဲသုံးနိုင်ပြီး Stylus လည်း ပါပါတယ်။
တန်ဖိုးအနည်းဆုံး 8GB+256GB ကို ၅၂၃ ဒေါ်လာ၊ 12GB+256GB ကို ၅၅၀ ဒေါ်လာနဲ့ 12GB+512GB ကို ၆၀၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တန်ဖိုးအကြီးဆုံး 16GB+1TB ကို ၆၆၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အနက်နဲ့ ငွေရောင် ထုတ်လုပ်ထားပါတယ်။
Ref : gizmochina