Xiaomi က Redmi 11 5G ကို နောက်လမှာ ရောင်းချမှာ ဖြစ်ပြီး နေ့ရက်အတိအကျကို မသိရသေးပါဘူး။ 91mobiles က အဲဒီ စမတ်ဖုန်းရဲ့ အဓိက Specs တွေနဲ့ အိန္ဒိယ ရောင်းဈေးကို မိတ်ဆက်ပွဲ မတိုင်ခင်မှာ ထုတ်ဖော်ပြောကြားလာပါတယ်။

Xiaomi Redmi 11 5G specs and release date revealed - GSMArena.com news

Redmi 11 5G မှာ ၆.၅၈ လက်မ FHD+ LCD မျက်နှာပြင် ပါလာနိုင်ပြီး 90Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ MediaTek Dimensity 700 Chipset မောင်းနှင်ထားနိုင်ပြီး အနည်းဆုံး 4GB RAM နဲ့ 64GB Storage ပါလာနိုင်ကာ microSD Card စိုက်နိုင်မှာ ဖြစ်ပါတယ်။

Xiaomi Redmi Note 11S to launch globally next month with a 108 MP triple camera - NotebookCheck.net News

အနောက်ဘက်မှာ 50MP Main နဲ့ 2MP ကင်မရာ ၂ လုံး ပါလာမှာ ဖြစ်ပြီး Macro သို့မဟုတ် Depth ကင်မရာ အကြောင်း မသိရသေးပါဘူး။ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ 18W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

Redmi 11 5G ရဲ့ တန်ဖိုးအနည်းဆုံး 4GB/64GB Version ကို အိန္ဒိယမှာ ၁၃,၉၉၉ ရူပီးနဲ့ ရောင်းချမယ်လို့ သတင်းထွက်လာပြီး မြန်မာငွေနဲ့တွက်ရင် ၃၃၀,၀၀၀ ဝန်းကျင် ကျသင့်နိုင်ပါတယ်။ အထက်ဖော်ပြပါ သတင်းအချက်အလက်တွေသာ မှန်ရင် Redmi 10 ထက် အများကြီး တိုးတက်လာမှာပါ။

Ref : gsmarena