Xiaomi အရာရှိတွေဟာ Redmi K30s ကို Tease လုပ်နေတာ မကြာခဏ တွေ့ခဲ့ရပြီး အခုတော့ တရားဝင် ကြေညာလိုက်ပါပြီ။ အဲဒီဖုန်းမှာ 64MP Main ကင်မရာ၊ Snapdragon 865 Chipset ၊ 144Hz Refresh Rate နဲ့ ၆.၆၇ လက်မ မျက်နှာပြင်တွေ ထည့်သွင်းထားပါတယ်။ ဒါဟာ တကယ်တော့ ဖုန်း အသစ် မဟုတ်ဘဲ Xiaomi Mi 10T ကို နာမည်ပြောင်း ရောင်းချတာပါ။

Xiaomi Redmi K30S is official with SD865, 144 Hz refresh rate

Redmi K30s နဲ့ Mi 10T တို့ရဲ့ အဓိက ကွာခြားချက်က Memory Combination ဖြစ်ပြီး Redmi K30s အတွက် 8GB RAM နဲ့ 128GB/256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ Memory Card Slot လည်း မပါတဲ့အတွက် Internal Storage ကိုပဲ သုံးရမှာပါ။

Redmi K30S for 2,299 Yuan (~$343) brings 144Hz display, SD865, 64MP triple cameras, and 5,000mAh battery - Gizmochina

LCD မျက်နှာပြင် သုံးထားတဲ့အတွက် ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ အရွယ်သေး Punch Hole မှာ 20MP ဆဲလ်ဖီး ကင်မရာ မြှပ်နှံထားပြီး Full HD+ Resolution နဲ့ 20:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

အနောက် ကင်မရာတွေ အကြောင်းပြောရရင် 64MP Main, 13MP Ultrawide နဲ့ 5MP Macro ကင်မရာတွေ ပါလာပြီး 33W Fast Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။ 5G ဖုန်း ဖြစ်ပြီး USB-C Port ထောက်ပံ့ထားပါတယ်။

အနက်နဲ့ ငွေရောင် ထုတ်လုပ်ထားပြီး 128GB ကို ၂,၅၉၉ ယွမ်နဲ့ 256GB ကို ၂,၇၉၉ ယွမ် သတ်မှတ်ထားပါတယ်။ ၅ သိန်းနဲ့ ၅ သိန်း ၃ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း တရုတ်မှာ ကြိုတင်မှာယူနိုင်မှာပါ။ နောက်လ ၁၁ ရက်နေ့မှာ ကျင်းပမယ့် တရုတ်ရဲ့ နာမည်ကြီး ဈေးရောင်းပွဲတော် ဖြစ်တဲ့ Singles’ Day မှာ ရောင်းမှာပါ။

Ref : gsmarena