Xiaomi က စွမ်းရည်မြင့် Redmi K60 Series ကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ကြေညာတော့မှာ ဖြစ်ပြီး မိတ်ဆက်ပွဲနေ့ကို ကုမ္ပဏီက မပြောသေးပါဘူး။ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပြီး Certification စာရွက်စာတမ်းတွေလည်း အွန်လိုင်းမှာ ပျံ့နှံ့လာပါတယ်။

Redmi K60 Representative Image

အခုတော့ တရုတ်က 3C မှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေ ထွက်လာပြီး ရိုးရိုး Redmi K60 မှာ 67W Fast Charging ပါလာမယ်လို့ ဖော်ပြထားပါတယ်။ အရင်က သတင်းတွေအရ အဲဒီ စမတ်ဖုန်းမှာ 30W Wireless Charging ပါတဲ့ 5,500mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

အရင်နှစ်ထုတ် Redmi K50 မှာလည်း 67W Fast Charging ထည့်ပေးခဲ့တဲ့အတွက် အခု 3C က သတင်းအချက်အလက်က အံ့အားသင့်စရာ မကောင်းပါဘူး။ ဒါပေမယ့် တိုးတက်မှု မရှိတာကိုတော့ ထောက်ပြစရာ ဖြစ်လာပါတယ်။ အရင်ပေါက်ကြားသတင်းတွေအရ Redmi K60 မှာ Dimensity 8200 Chipset မောင်းနှင်ထားမယ်လို့ သိရပါတယ်။ AMOLED မျက်နှာပြင် တပ်ဆင်ထားနိုင်ပြီး Punch Hole ပါလာနိုင်ပါတယ်။

Redmi K60 Series မှာ မော်ဒယ် ၃ မျိုး ပါလာမှာ ဖြစ်ပြီး Redmi K60, K60 Pro 5G နဲ့ K60 Gaming Edition တို့ ဖြစ်ပါတယ်။ Redmi K60 Series ကို တရုတ်မှာ ၂၀၂၃ ခုနှစ် ပထမ ၃ လအတွင်း ကြေညာနိုင်ပြီး တချို့ကို နိုင်ငံတကာမှာ POCO Device အနေနဲ့ ကြေညာနိုင်ပါတယ်။ K60 Gaming ကို တရုတ် ပြင်ပမှာ POCO F4 GT အမည်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gsmarena