Xiaomi ဟာ မကြာခင်မှာ Flagship ဖုန်းတွေဖြစ်တဲ့ Xiaomi 13 Series တွေကို မိတ်ဆက်သွားဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ အခုထပ်မံသိရှိရတဲ့သတင်းတွေအရတော့ Xiaomi က နောက်ထပ် စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Redmi K60 Series ဖုန်းတွေကိုပါ အသစ်မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။

လောလောဆယ်မှာ Redmi K60 Series ဖုန်းတွေဟာ Design ပိုင်းကို အတည်ပြုနေတဲ့အဆင့်ကို ရောက်ရှိနေပြီလို့ သိရပြီး မကြာမီလပိုင်းအတွင်းမှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း တရုတ်နိုင်ငံတွင်းက နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Redmi K60 ဖုန်းမှာ ပါဝင်လာမယ့် Chipset ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရတော့ Redmi K60 ဖုန်းဟာ MediaTek Dimensity 8200 Chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ လောလောဆယ်မှာ MediaTek ကနေ အဆိုပါ Chipset ကို တရားဝင်မိတ်ဆက်ထားခြင်းမရှိသေးပေမယ့် မကြာခင်မိတ်ဆက်တော့မယ့် Dimensity 9200 Flagship Chipset နဲ့အတူ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

နောက်ထပ်သတင်းတစ်ခုကတော့ Redmi K60 ဖုန်းဟာ 50MP Sensor အစား OIS ပါဝင်တဲ့ 48MP Sensor ကိုပဲ ဆက်လက်အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် တခြားသော Specification တွေအနေနဲ့ကတော့ QHD+ Display ၊ 67W Wired Fast Charging နဲ့ 30W Wireless Charging ပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena