Xiaomi ဟာ အခုဆိုရင် Redmi Note 12 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Redmi Note 12 Pro Plus ဖုန်းဟာ Redmi Sereis ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 200MP Camera Sensor ကို အသုံးပြုလာမယ့်ဖုန်းဖြစ်လာမယ်လို့ သိရပါတယ်။

Redmi Note 12 Series ဟာ စုစုပေါင်း ဖုန်း ၃ မျိုးအထိ မိတ်ဆက်ဖို့ စီစဥ်ထားတာဖြစ်ပြီး Redmi Note 12 ၊​ Redmi Note 12 Pro နဲ့ Redmi Note 12 Pro Plus ဆိုပြီး ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ Redmi Note 12 Pro Plus ဖုန်းဟာ Samsung ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ ISOCELL HPX 200MP Camera Sensor ကို အသုံးပြုလာမှာဖြစ်ပါတယ်။

အဆိုပါ 200MP ISOCELL HPX Sensor ဟာ 1/1.4-inch Sensor Size ရှိမှာဖြစ်ပြီး 16-to-1 Pixel Binning နည်းပညာကို အသုံးပြုထားမှာဖြစ်ပါတယ်။​ ဒါကြောင့် Default အနေနဲ့ 12.5MP ရှိတဲ့ ဓါတ်ပုံတွေကို ထုတ်ပေးသွားမှာဖြစ်ပြီး 50MP Size ရှိတဲ့ ဓါတ်ပုံတွေနဲ့ 200MP Size ဓါတ်ပုံတွေကိုပါ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Video ပိုင်းမှာလည်း HDR ၊​ 14-bit Color Depth ၊​ 8K 30fps Recording နဲ့ 4K 120fps Recording တွေအထိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Redmi Note 12 Series ဟာ Performance ပိုင်းအနေနဲ့ MediaTek Dimensity 1080 Chipset ကို အဓိကအသုံးပြုသွားမှာဖြစ်ပါတယ်။​ အရောင်အနေနဲ့ကတော့ Pink Galaxy နဲ့ Blue ဆိုပြီး အရောင်တွေပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena