Xiaomi က Redmi Note 12 Series ကို ကြေညာလိုက်ပြီး Redmi Note 12, Note 12 Pro နဲ့ Note 12 Pro+ တို့ ပါလာပါတယ်။
Redmi Note 12 Pro & Pro+
အဲဒီ ဖုန်း ၂ လုံးရဲ့ Specs အများစုဟာ တူညီပြီး ၆.၆၇ လက်မ OLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာပါတယ်။ Dimensity 1080 Chipset မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ကာ microSD Card မစိုက်နိုင်ပါဘူး။
Pro+ က ကင်မရာ အပိုင်းမှာ ပိုကောင်းပြီး 200MP ကင်မရာ ပါတဲ့ ပထမဆုံး Redmi ဖုန်း ဖြစ်လာပါတယ်။ Samsung ISCOELL HPX ဆန်ဆာ ကို သုံးထားတာ ဖြစ်ပြီး 16-to-1 Pixel Binning နဲ့ QPD Autofocus ပါတဲ့ 1/1.4 inch ဆန်ဆာ ဖြစ်ပါတယ်။ 2.24μm Pitch နဲ့ Default Mode မှာ 12.5MP Resolution ဓါတ်ပုံ၊ 1.12μm Pixels နဲ့ 50MP ဓါတ်ပုံ၊ 0.56μm Pixels နဲ့ 200MP ဓါတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ 200MP ဆန်ဆာဟာ HDR ၊ 14-bit Color Depth ၊ 30fps 8K နဲ့ 120fps 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ဒါပေမယ့် Dimensity 1080 Chipset နဲ့ ကန့်သတ်ချက်ကြောင့် 4K ဗီဒီယိုတွေပဲ ရိုက်ကူးနိုင်ပါတယ်။
Redmi Note 12 Pro မှာ 50MP Main ကင်မရာ တပ်ဆင်ထားပါတယ်။ ဖုန်း ၂ လုံးရဲ့ ကျန်တဲ့ ကင်မရာ ၂ လုံးက 8MP Ultrawide နဲ့ 2MP Depth တွေ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။
Redmi Note 12 Pro နဲ့ Pro+ မှာ 5,000mAh ဘက်ထရီ ပါလာပြီး Pro မှာ 67W နဲ့ Pro+ မှာ 120W Fast Charging ထည့်သွင်းထားပါတယ်။ ၂ လုံးစလုံးမှာ Android 12 အခြေပြု MIUI 13 မောင်းနှင်ထားပြီး နားကြပ်ပေါက် ပါပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။
ဈေးနှုန်းနဲ့ အရောင်
Redmi Note 12 Pro
Price
- 6GB + 128GB – ¥1,699 ($235)
- 8GB + 128GB – ¥1,799 ($249)
- 8GB + 256GB – ¥1,999 ($276)
- 12GB + 256GB – ¥2,199 ($304)
Colors
- Black
- White
- Blue
- Violet
Redmi Note 12 Pro Plus
Price
- 8GB + 256GB – ¥2,199 ($304)
- 12GB + 256GB – ¥2,399 ($332)
Colors
- Black
- White
- Blue
Redmi Note 12
Redmi Note 12 မှာ ၆.၆၇ လက်မ OLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပြီး 33W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။
Main ကင်မရာက 48MP ဖြစ်ပြီး 2MP Depth ကင်မရာ ၁ လုံး အပို ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပြီး Snapdragon 4 Gen 1 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပါတယ်။
Black , White နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပြီး 4/128GB ကို ၁၆၅ ဒေါ်လာနဲ့ 8/256GB ကို ၂၃၅ ဒေါ်လာ သတ်မှတ်ထားကာ နိုဝင်ဘာလ ၁ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။
Ref : gsmarena