တရုတ် နည်းပညာ ဘီလူးကြီး Xiaomi ရဲ့ ပထမဆုံး SU7 လျှပ်စစ်ကားဟာ တော်တော်အောင်မြင်နေပါတယ်။ ကုမ္ပဏီဟာ ဒုတိယမြောက် လျှပ်စစ်ကားကိုတောင် ဖန်တီးနေပြီလို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ ကုမ္ပဏီဟာ အရွယ်အစားကျစ်လစ်တဲ့ SUV လျှပ်စစ်ကားကို ဖန်တီးနေတယ်လို့ သတင်းများစွာက ပြောပါတယ်။ အခုတော့ Bloomberg ကလည်း အဲဒီကားအကြောင်း သတင်းပေးလာပါတယ်။

Xiaomi SU7

Bloomberg က Xiaomi ဟာ Tesla Model Y ကို ယှဉ်ပြိုင်မယ့် အရွယ်အား ကျစ်လစ်တဲ့ SUV ကို ဖန်တီးနေတယ်လို့ ပြောပါတယ်။ တခြားသတင်းတွေကလည်း အဲဒီလိုပဲ ပြောလာကြပါတယ်။ ကားရဲ့ Specification , Battery နဲ့ နည်းပညာအကြောင်းကိုတော့ မသိရသေးပါဘူး။ Xiaomi ရဲ့ ကားအသစ်မှာ SU7 ရဲ့ Infotainment System အပါအဝင် အကောင်းဆုံး နည်းပညာတွေ ပါလာနိုင်ပါတယ်။

The Rise of Xiaomi SU7 EV: A Game-Changer in the Electric Vehicle Market

Xiaomi ဟာ လျှပ်စစ်ကား နယ်ပယ်မှာ ထိပ်တန်းရောက်အောင် ကြိုးစားနေပြီး ဒုတိယမြောက်ကားကြောင့် ပိုမိုအောင်မြင်လာနိုင်ပါတယ်။ အဲဒီကားကို အစောဆုံး အနေနဲ့ ၂၀၂၅ ခုနှစ်မှာ ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် Xiaomi ဟာ လက်ရှိ ၁ လကို ကား ၁၀,၀၀၀ ပဲ ထုတ်လုပ်နိုင်တဲ့ စက်ရုံကို တိုးချဲ့နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Xiaomi ဟာ ၁ နှစ်ကို ကား ၃၀၀,၀၀၀ အထိ ထုတ်လုပ်နိုင်ဖို့ စီစဉ်နေပါတယ်။

Ref : gizmochina