Xiaomi ဟာ အခုနောက်ပိုင်းမှာ MIUI 12 Update အပြင် Android Update တွေကိုလည်း ဆက်တိုက်ကိုထုတ်ပေးနေတာဖြစ်ပြီး အခုလည်း Budget စမတ်ဖုန်းတစ်လုံးအတွက် Update တစ်ခုကို ထပ်မံထုတ်ပေးလိုက်ပါပြီ။ ဒါကတော့ ၂၀၁၉ တုန်းက မိတ်ဆက်ထားခဲ့တဲ့ Redmi 7 ဖြစ်ပြီး Android 9 Pie ကို အခြေခံထားတဲ့ MIUI 10 နဲ့ မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဆိုပါ Redmi 7 ကို Android 10 Stable Update ကိုပါ ထပ်မံထုတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Android 10 Update ပြောင်းလဲသွားပေမယ့်လည်း MIUI Version အနေနဲ့ကတော့ MIUI 11 ပဲရှိဦးမှာဖြစ်ပြီး Build Number အနေနဲ့ V11.0.1.0 QFLMIXM ဆိုပြီး ထွက်ရှိလာတာဖြစ်ပါတယ်။

ယခု Android 10 Stable Update ဟာ Global Version Redmi 7 ကို အသုံးပြုသူတွေအတွက်ဖြစ်ပြီးတော့ China Version အတွက်ကတော့ ပြီးခဲ့တဲ့ဇွန်လပိုင်းထဲက Update ထုတ်ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Xiaomi အနေနဲ့ China Version နဲ့ Global Version Update ထုတ်တဲ့အချိန်ကွာခြားချက်က ၆ လအထိရှိနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Android 10 Update နဲ့အတူ Control Center Gesture အသစ်၊ Dark Mode Optimization အပြင် Status Bar Animation ၊ Screen Lighting Animation စတဲ့ Feature တွေနဲ့ Bug Fix အချို့ပါဝင်လာမှာဖြစ်ပါတယ်။ ယခု Android 10 Update ဟာ Redmi 7 အတွက်ကတော့ နောက်ဆုံးဖြစ်ပြီး နောက်ထပ် Android 11 သို့မဟုတ် MIUI 12 Update ကိုတော့ ရရှိတော့မှာမဟုတ်ပါဘူး။

Ref – Gizmo China