Xiaomi က Smart Band 7 Pro ကို ကြေညာလိုက်ပြီး ၁.၆၄ လက်မ လေးထောင့် AMOLED Color ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Watch Face ပေါင်း ၁၅၀ ကျော် ထည့်သွင်းထားပြီး မျက်နှာပြင် Resolution က 486x280p နဲ့ Pixel Density က 326ppi ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အမြင့်ဆုံး Brightness က 500 nits ဖြစ်ပြီး Auto-Brightness လုပ်ဆောင်ချက် ပါလာပါတယ်။ မျက်နှာပြင်ကို အကြမ်းခံတဲ့ ဖန်နဲ့ ကာကွယ်ထားပြီး လက်ဗွေရာ မထင်တဲ့ Coating နဲ့ ဖုံးအုပ်ထားပါတယ်။

Xiaomi Smart Band 7 Pro unveiled, Redmi Pad debuts in Europe

Smart Band 7 Pro မှာ နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏနဲ့ အိပ်စက်မှု အခြေအနေတွေကို တိုင်းတာတဲ့ လုပ်ဆောင်ချက်တွေ အပါအဝင် ကျန်းမာရေးနဲ့ ကိုယ်လက်ကြံ့ခိုင်ရေး လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ Sports Mode ပေါင်း ၁၁၀ ကျော် ထည့်သွင်းထားပြီး လေ့ကျင့်ခန်းတွေ လုပ်ရင် နည်းပြ အဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။

Smart Band 7 Pro မှာ GNSS စနစ်ပါတဲ့အတွက် စမတ်ဖုန်း မလိုဘဲ တည်နေရာတွေကို ပြသပေးနိုင်ပါတယ်။ ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်ပြီး ရေချိုးရင်၊ ရေကူးရင် ချွတ်ထားစရာ မလိုပါဘူး။

Smart Band 7 Pro ဟာ Android 6.0 နဲ့ အထက် ၊ iOS 12 နဲ့ အထက် စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်ပြီး Bluetooth 5.2 BLE နဲ့ ဆက်သွယ်နိုင်ပါတယ်။ Xiaomi က ဘက်ထရီ သက်တမ်းဟာ ၁၂ နာရီ ခံတယ်လို့ ပြောပါတယ်။

Smart Band 7 Pro အတွက် Ivory နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး လက်ပတ်ကြိုးအတွက် Ivory, Olive, Orange, Blue, Black နဲ့  Pink အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ ၉၉ ယူရို သတ်မှတ်ထားပြီး ဥရောပမှာ ရောင်းချပေးနေပါပြီ။

Ref : gsmarena