Xiaomi က Smart Band 9 ကို ကြေညာလိုက်ပြီး သတ္တုဖရိမ်၊ ရောင်စုံ လက်ပတ်ကြိုးတွေ ထုတ်လုပ်ပေးထားပါတယ်။ အထူးထုတ် Ceramic Edition ကိုလည်း ရွေးချယ်နိုင်ပါတယ်။

Xiaomi Smart Band 9

Xiaomi Band 9 မှာ 1.62” AMOLED Display တပ်ဆင်ထားပြီး 1200 Nits Brightness ထောက်ပံ့ထားပါတယ်။ Watch Face ပေါင်း ၂၀၀ ကျော် ထည့်သွင်းပေးထားပါတယ်။

Xiaomi Smart Band 9

အရင်နှစ် မော်ဒယ်နဲ့ နှိုင်းယှဉ်ရင် ကျန်းမာရေး စောင့်ရှောက်မှုဟာ ၁၆ ရာခိုင်နှုန်း တိုးတက်လာပြီး နှလုံးခုန်နှုန်း ၊ သွေးတွင်း အောက်ဆီဂျင် ပမာဏနဲ့ စိတ်ဖိစီးမှု တိုင်းတာတာတွေ ပိုကောင်းလာပါတယ်။ အိပ်စက်မှု အခြေအနေကို တိုင်းတာတာလည်း ပိုကောင်းလာပါတယ်။

Workout Mode ပေါင်း ၁၅၀ ကျော် ထည့်သွင်းထားပြီး ပြေးလမ်းကို လမ်းညွှန်ပေးတဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။ Band 9 ကို Bluetooth 5.4 နဲ့ချိတ်ဆက်နိုင်ပြီး ဖုန်းမှ သီချင်းတွေကို ထိန်းချုပ်တာ၊ Message တွေကို စာပြန်တာနဲ့ ရာသီဥတု သတင်းအချက်အလက်တွေ ကြည့်တာ ပြုလုပ်နိုင်ပါတယ်။

NFC ဆက်သွယ်မှု ပါလာပြီး ငွေပေးချေနိုင်ပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး 233mAh Battery က တစ်ခါအားသွင်းထားရင် ၂၁ ရက် အသုံးပြုနိုင်ပါတယ်။

Xiaomi Smart Band 9 အတွက် မော်ဒယ် ၃ မျိုးထုတ်လုပ်ထားပါတယ်။ NFC မပါတဲ့ Standard မော်ဒယ်ကို ၃၄ ဒေါ်လာ၊ NFC ပါတဲ့ မော်ဒယ်ကို ၄၁ ဒေါ်လာနဲ့ Ceramic အထူးထုတ် မော်ဒယ်ကို ၄၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ စတင် ရောင်းချပေးနေပြီ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina