Xiaomishka ကနေ ဖော်ပြတဲ့သတင်းအရ တရုတ်နည်းပညာကုမ္ပဏီဟာ 108MP ကင်မရာအပြင် 120X Digital Zoom ပါဝင်တဲ့ စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ဒီ ဟန်းဆက်ကို “CAS” ဆိုတဲ့ ကုဒ်နာမည်လည်း ပေးထားတယ်လို့ Xiaomishka က ဆိုပါသေးတယ်။

ကုဒ်နာမည် “CAS” နဲ့ ဒီဟန်းဆက်ဟာ Xiaomi က မထုတ်ရသေးတဲ့ Mi CC 10 စီးရီးထဲက မော်ဒယ်တစ်မျိုးဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ အခြားရင်းမြစ်တွေကတစ်ဆင့် ထွက်လာတဲ့သတင်းတွေအရလည်း Xiaomi ဟာ ဒီနှစ်အစောပိုင်းကတည်းက စမတ်ဖုန်းစီးရီးသစ်အတွက် ပြင်ဆင်နေတယ်လို့ သိထားရပါတယ်။ ဒါကြောင့် CAS ဟာ Mi CC 10 စီးရီးဖြစ်နိုင်ခြေများတယ်လို့ မှတ်ယူနိုင်ပါတယ်။

Zoom ကင်မရာအတွက် 108MP အာရုံခံကိရိယာနဲ့အတူ 12X optical zoom ကိုရဖို့အတွက် ဟန်းဆက်ရဲ့ မှန်ဘီလူးကို ပိုပြီးကျယ်ကျယ်ပြန်ပြန့် ထားရှိရမှာ ဖြစ်ပါတယ်။ ဒီအတွက် Periscope setup ကို အသုံးပြုဖွယ်ရှိပါတယ်။ ဒီ 12X optical zoom ဟာ 120X digital zoom အထိ Support ပြုလုပ်မှာဖြစ်ပြီး ဒါဟာ Samsung ရဲ့ 100X Space Zoom ကို ပုခုံးချင်းယှဉ်နိုင်ဖို့ ဈေးကွက်သဘောတရားအရ ထုတ်လုပ်တာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် Sensor အနေနဲ့ Xiaomi က Mi CC9 Pro တို့လို 108MP ကင်မရာပါတဲ့ အခြားဟန်းဆက်တွေမှာသုံးတဲ့ Samsung HMX ကို သုံးမှာမဟုတ်ဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။ ဒီလိုပြောပေမယ့် HM2 ဆိုတဲ့ကုဒ်နာမည်နဲ့ CMOS Image Sensor သစ်လည်း မဟုတ်ဘူးလို့ ဆိုထားပြန်ပါတယ်။

Mi CC 10 တွေဟာ Snapdragon 775G တွေနဲ့ ထွက်လာမယ်လို့ မျှော်လင့်ရပြီး 5G နဲ့ NFC ထောက်ပံ့လာဖွယ်ရှိပါတယ်။ ဒီဟန်းဆက်တွေကို လာမယ့် ဇူလိုင်လထဲမှာ ကြေညာလာဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena