အောက်တိုဘာလ ၇ ရက်နေ့မှာ Xiaomi က အိန္ဒိယမှာ ဒေဝါလီပွဲတော်အတွင်း စံချိန်တင် ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ ပွဲတော်ကာလအတွင်း ကုမ္ပဏီဟာ Device ပေါင်း ၆ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။

Xiaomi 11i

Xiaomi က ဒေဝါလီပွဲတော်အတွက် ‘#DiwaliWithMi – Tech Ka Shubh Muhurat’ အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ ဒေဝါလီနေ့ မတိုင်ခင်ကတည်းက စတင် ရောင်းချပေးခဲ့ပြီး ကဏ္ဍမျိုးစုံက ထုတ်ကုန်များစွာအတွက် လျှော့ဈေးတွေ ပေးခဲ့ပါတယ်။ ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက် အပြင် မြေပြင်စတိုးတွေကနေ ဈေးရောင်းပွဲတော်ကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပြီး အရင်နှစ် ရောင်းအားထက် ၂ ဆ ပိုများပါတယ်။

Xiaomi က Redmi Note 11, Redmi A1, Redmi 10, Xiaomi 11i series, Redmi Smart TV 32” နဲ့ Xiaomi Smart TV 5A 32 inch မော်ဒယ်တွေဟာ ရောင်းအားကောင်းခဲ့တယ်လို့ ပြောပါတယ်။ Xiaomi India ရဲ့ Chief Business Officer ဖြစ်သူ Raghu Reddy က “ ဒေဝါလီ ပွဲတော် ရာသီဟာ ကြီးမားတဲ့ အမှတ်တရတွေ ရှိပြီး ကျွန်တော်တို့ ဖောက်သည်တွေကို စိတ်ကျေနပ်အောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ “ လို့ ပြောပါတယ်။

သူက ဒေဝါလီ ဈေးရောင်းပွဲတော်မှာ ထုတ်ကုန်မျိုးစုံအတွက် လျှော့ဈေးများစွာ ပေးခဲ့ပြီး ဖောက်သည်တွေကို ပျော်ရွှင်စေခဲ့တယ်လို့ ပြောပါတယ်။ ပွဲတော်ကာလမှာ Xiaomi ရဲ့ စမတ်ဖုန်းတွေဟာ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပြီး စမတ် TV တွေကိုလည်း လူတွေ စိတ်ဝင်စားခဲ့ကြပါတယ်။

Ref : gizmochina