Unicode

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတုန်းက Xiaomi ဟာ Redmi ကို သီးသန့် Brand အနေနဲ့ ခွဲထုတ်လိုက်ပြီး စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေထုတ်လုပ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Redmi ကနေ အောင်မြင်တဲ့ Redmi Note 7 နဲ့ Redmi K20 Pro လိုမျိုး ဖုန်းတွေကို ဆက်တိုက်ထုတ်လုပ်လာခဲ့တာဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ ဒီ Redmi လိုမျိုးပဲ Poco ကိုလည်း သီးသန့် Brand တစ်ခုအနေနဲ့ ခွဲထုတ်လိုက်ပြီဖြစ်ပါတယ်။ ဒီသတင်းကိုတော့ XIaomi India MD နဲ့ Global Vice President ဖြစ်တဲ့ Manu Kamar Jain ကနေ တရားဝင် ကြေညာခဲ့တာပါ။

ဒီလိုမျိုး ကြေညာချက်ကို Xiaomi India ရဲ့ MD ဖြစ်တဲ့ Manu Kamar Jain ကနေ ထုတ်ပြန်ခဲ့တဲ့အတွက်ဖြစ်နိုင်တာက Poco Brand ဟာ India ကို အဓိကဦးတည်ပြီး စမတ်ဖုန်းအသစ်တွေထုတ်လုပ်သွားဖို့များနေပါတယ်။ India Poco Brand ရဲ့ Twitter Account မှာလည်း Poco.in ဆိုပြီး Region Specific Website အသစ်ကို ရရှိလာတာကိုလည်းတွေ့ရပါတယ်။

Xiaomi ရဲ့ Poco Brand ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လတုန်းက မိတ်ဆက်ခဲ့တဲ့ Pocophone F1 ပဲ ရှိသေးတာဖြစ်ပြီး အဆိုပါ စမတ်ဖုန်းက အောင်မြင်ခဲ့တယ်ဆိုပေမယ့် အချိန်အတော်ကြာတဲ့အထိ နောက်ထပ် Poco စမတ်ဖုန်းတွေအနေနဲ့ သတင်းထွက်ရှိခြင်းမရှိခဲ့တာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီသတင်းအရတော့ မကြာခင်မှာ Poco F2 လိုမျိုး စမတ်ဖုန်းအသစ်တွေကို မြင်တွေ့ရတော့မှာပါ။

Ref – Gizmo China

Zawgyi

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလတုန္းက Xiaomi ဟာ Redmi ကို သီးသန္႔ Brand အေနနဲ႔ ခြဲထုတ္လိုက္ၿပီး ေစ်းႏႈန္းသက္သာၿပီး စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ စမတ္ဖုန္းေတြထုတ္လုပ္ဖို႔ ရည္႐ြယ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာ Redmi ကေန ေအာင္ျမင္တဲ့ Redmi Note 7 နဲ႔ Redmi K20 Pro လိုမ်ိဳး ဖုန္းေတြကို ဆက္တိုက္ထုတ္လုပ္လာခဲ့တာျဖစ္ပါတယ္။

အခုလည္း Xiaomi ကေန ဒီ Redmi လိုမ်ိဳးပဲ Poco ကိုလည္း သီးသန္႔ Brand တစ္ခုအေနနဲ႔ ခြဲထုတ္လိုက္ၿပီျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ XIaomi India MD နဲ႔ Global Vice President ျဖစ္တဲ့ Manu Kamar Jain ကေန တရားဝင္ ေၾကညာခဲ့တာပါ။

ဒီလိုမ်ိဳး ေၾကညာခ်က္ကို Xiaomi India ရဲ႕ MD ျဖစ္တဲ့ Manu Kamar Jain ကေန ထုတ္ျပန္ခဲ့တဲ့အတြက္ျဖစ္ႏိုင္တာက Poco Brand ဟာ India ကို အဓိကဦးတည္ၿပီး စမတ္ဖုန္းအသစ္ေတြထုတ္လုပ္သြားဖို႔မ်ားေနပါတယ္။ India Poco Brand ရဲ႕ Twitter Account မွာလည္း Poco.in ဆိုၿပီး Region Specific Website အသစ္ကို ရရွိလာတာကိုလည္းေတြ႕ရပါတယ္။

Xiaomi ရဲ႕ Poco Brand ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လတုန္းက မိတ္ဆက္ခဲ့တဲ့ Pocophone F1 ပဲ ရွိေသးတာျဖစ္ၿပီး အဆိုပါ စမတ္ဖုန္းက ေအာင္ျမင္ခဲ့တယ္ဆိုေပမယ့္ အခ်ိန္အေတာ္ၾကာတဲ့အထိ ေနာက္ထပ္ Poco စမတ္ဖုန္းေတြအေနနဲ႔ သတင္းထြက္ရွိျခင္းမရွိခဲ့တာလည္းျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီသတင္းအရေတာ့ မၾကာခင္မွာ Poco F2 လိုမ်ိဳး စမတ္ဖုန္းအသစ္ေတြကို ျမင္ေတြ႕ရေတာ့မွာပါ။

Ref – Gizmo China