Xiaomi ဟာ ပြိုင်ဆိုင်မှုမြင့်မားတဲ့ လျှပ်စစ်ကား ဈေးကွက်မှာ အောင်မြင်မှု ရနေပါတယ်။ ကုမ္ပဏီက စက်တင်ဘာလမှာ SU7 ကားအစီးရေ ၁၀,၀၀၀ ကျော် ရောင်းချရတယ်လို့ အောက်တိုဘာလ ၁ ရက်နေ့က ကြေညာခဲ့ပြီး ၄ လဆက်တိုက် ဒီစံချိန်ကို ရခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ အောက်တိုဘာလမှာ ကားအစီးရေ ၂၀,၀၀၀ ရောင်းချနိုင်ဖို့ ရည်မှန်းထားပါတယ်။

Xiaomi SU7 sales

ဧပြီလမှာ Xiaomi SU7 ကို စတင် ရောင်းချခဲ့ပြီး Tesla Model 3 နဲ့ Model Y တို့ကို ယှဉ်ပြိုင်ခဲ့ပါတယ်။ SU7 ဟာ ထူးခြားဆန်းသစ်တဲ့ နည်းပညာ ပါပြီး ဈေးနှုန်းချိုသာတဲ့အတွက် နာမည်ကောင်းရထားပါတယ်။ သတင်းတွေအရ SU7 ကို စက်တင်ဘာလမှာ အစီးရေ ၁၅,၀၀၀ နဲ့ ၁၆,၀၀၀ အကြား ရောင်းချနိုင်ခဲ့ပါတယ်။ ဒါဟာ Consumer တွေက Xiaomi Brand ကို ယုံကြည်မှုမြင့်မားတာကို ပြသနေပါတယ်။

News - Xiaomi SU7 EV unveiled, price in China starts at $30,000 | EVspecs

Xiaomi ဟာ ကားထုတ်လုပ်မှု အရေအတွက် မြင့်မားစေဖို့ စက်ရုံနဲ့ ထုတ်လုပ်မှု နည်းပညာတွေကို အဆင့်မြှင့်တင်မှုများစွာ ပြုလုပ်ခဲ့ပါတယ်။ စမတ် ကုန်ထုတ်လုပ်မှု ကနေ အလိုအလျှောက် နည်းပညာတွေအထိ အသုံးပြုထားတဲ့အတွက် ကားထုတ်လုပ်မှု မြင့်မားခဲ့ပါတယ်။ AI နည်းပညာတွေကြောင့် အလုပ်သမား ကုန်ကျစားရိတ် လျှော့ချနိုင်ခဲ့ပြီး ကားထုတ်လုပ်မှု အရည်အသွေး တည်ငြိမ်ခဲ့ပါတယ်။

SU7 ဟာ Tesla လို နာမည်ကြီး လျှပ်စစ်ကား ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ကြိုးစားနေပါတယ်။ အောက်တိုဘာလမှာ အစီးရေ ၂၀,၀၀၀ ရောင်းချဖို့ ရည်မှန်းထားတဲ့အတွက် Xiaomi ဟာ လျှပ်စစ်ကား ဈေးကွက်မှာ ကြီးမားတဲ့ အောင်မြင်မှုရထားတယ်ဆိုတာ ပြသနေပါတယ်။

Ref : gizmochina