Xiaomi က ပထမဆုံး လျှပ်စစ်ကား ဖြစ်တဲ့ SU7 နဲ့ ကမ္ဘာကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒီကားဟာ မျှော်မှန်းထားတာထက် ရောင်းအားကောင်းခဲ့ပါတယ်။ အဲဒီနောက်မှာ Xiaomi ဟာ ပြီးခဲ့တဲ့လက SU7 Ultra နမူနာ မော်ဒယ်ကို မိတ်ဆက်ခြင်းဖြင့် ကမ္ဘာကို ထပ်ပြီး အံ့အားသင့်စေခဲ့ပါတယ်။

Xiaomi unveils SU7 Ultra high-performance prototype

SU7 Ultra ကို ကြေညာပြီး ရက်ပိုင်းအတွင်းမှာ Xiaomi ဟာ အဲဒီကားကို နောက်နှစ် ပထမနှစ်ဝက်မှာ ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ Xiaomi CEO Lei Jun က ပိုအသေးစိတ်ကျတဲ့ ရောင်းချမယ့်အချိန်ကို ပြောလိုက်ပါတယ်။ သူက နောက်နှစ် ပထမ ကွာတားမှာ ရောင်းမယ်လို့ ပြောတဲ့အတွက် ဇန်နဝါရီလနဲ့ မတ်လအတွင်း ဖြစ်ပါတယ်။

Hypercar Xiaomi SU7 Ultra to start mass production in the first half of 2025

အဲဒီကားမှာ 1,548 hp တပ်ဆင်ထားပြီး ၁.၉၇ စက္ကန့်အတွင်း ၁ နာရီကို ၀ ကနေ ၆၂ မိုင် အမြန်နှုန်း မြှင့်တင်နိုင်ပါတယ်။ ၅.၉၆ စက္ကန့်အတွင်း ၁ နာရီကို ၀ ကနေ ၁၂၄ မိုင် အမြန်နှုန်းရစေပါတယ်။ အမြန်ဆုံးနှုန်းက ၁ နာရီကို ၂၁၇ မိုင် ဖြစ်ပါတယ်။

ရောင်းတန်းဝင် မော်ဒယ်မှာ နမူနာမော်ဒယ်မှာလို တူညီတဲ့ ကိုယ်ထည်၊ တူညီတဲ့ မော်တာ ၃ လုံးနဲ့ တူညီတဲ့ ဘက်ထရီ တပ်ဆင်ထားမှာပါ။ SU7 လိုပဲ SU7 Ultra ဟာလည်း ပေးရတဲ့ ဈေးထက် တန်တဲ့ ကား ဖြစ်လာနိုင်ပါတယ်။

Ref : gsmarena