ပြီးခဲ့တဲ့လပိုင်းတုန်းက Google ကနေ Pixel စမတ်ဖုန်းတွေမှာ ဖုန်းရဲ့ နောက်ကျောဘက်ကို Tap ပြုလုပ်ပြီးတော့ Google Assistant အပါအဝင် တခြားသော Function တွေကို အသုံးပြုနိုင်တဲ့ Feature ကို စမ်းသပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Apple ကနေ iOS 14 Beta မှာ အလားတူ Feature ကိုပါ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာလည်း Xiaomi ကနေ အလားတူ Feature တစ်ခုကို MIUI 12 မှာ ထည့်သွင်းဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ Xiaomi ကနေ ထည့်သွင်းမယ့် Feature ကတော့ Google နဲ့ Apple လိုမျိုးပဲ နောက်ကျောဘက်ကို Tap ပြုလုပ်ပြီးတော့ Function တွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် Google နဲ့ Apple လိုမျိုးမဟုတ်ဘဲ Xiaomi ကနေ ပုံမှန် Double Tap အပြင် Triple Tap အနေနဲ့ပါ ခိုင်းစေမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ Screenshot ၊ Flash Light ၊ Control Center နဲ့ Camera ဖွင့်တာလိုမျိုး Function တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အဆိုပါ Feature ကို စမ်းသပ်နေတုန်းဖြစ်တဲ့အတွက် နောက်ပိုင်း MIUI 12 Update တွေမှာ ရရှိလာမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း Flagship Xiaomi ဖုန်းတွေမှာပဲ အသုံးပြုလာနိုင်မလား၊ ဒါမှမဟုတ် MIUI 12 Update ပြုလုပ်နိုင်တဲ့ Xiaomi ဖုန်းတိုင်းမှာ အသုံးပြုနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena