Xiaomi ဟာ Redmi Note 9 Series အနေနဲ့ ဖုန်းအသစ်တွေကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်နေတာ အချိန်တစ်ခုရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Redmi Note 9 5G Series မိတ်ဆက်မယ့်အချိန်က ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့သတင်းအရတော့ Xiaomi ကနေ လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ Redmi Note 9 5G ဖုန်းတွေဟာ Note 9 5G အပြင် Note 9 Pro 5G ဆိုပြီးပါ ၂ မျိုး မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

Redmi Note 9 5G စမတ်ဖုန်းဟာ MediaTek ရဲ့ Dimensity 800U Chipset ကို အသုံးပြုထားမှာဖြစ်ပြီး 5000mAh Battery အပြင် 48MP Triple Camera Setup ပါဝင်မယ်လို့ သိရပါတယ်။ Redmi Note 9 Pro 5G ဖုန်းမှာတော့ Qualcomm Snapdragon 750G Chipset ၊ ပိုများတဲ့ RAM နဲ့အတူ 108MP Primary Camera ကို အသုံးပြုလာမှာဖြစ်ပါတယ်။

Chinese Leakster တစ်ဦးရဲ့ ပြောကြားချက်အရတော့ Redmi Note 9 5G စမတ်ဖုန်းကို စျေးနှုန်းအနေနဲ့ 999 Yuan (မြန်မာငွေ ၂ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချမှာဖြစ်ပြီး Redmi Note 9 Pro 5G ဖုန်းကိုတော့ 1,499 Yuan (မြန်မာငွေ ၃ သိန်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Redmi Note 9 5G Series စမတ်ဖုန်းတွေဟာ လက်ရှိ Redmi K30 Series ထက်တောင် ပိုပြီးအောင်မြင်လာဖွယ်ရှိနေပါတယ်။

Ref – GSM Arena