ဒီလ အစောပိုင်းက ကြေညာခဲ့တဲ့ Redmi K60 Ultra ဟာ Xiaomi ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်ပါတယ်။ စွမ်းရည်မြင့် Processor ၊ အထင်ကြီးစရာ မျက်နှာပြင်နဲ့ IP68 ရေစိုခံစံနှုန်းတွေ ထည့်သွင်းထားပါတယ်။ Xiaomi က ဟာ့ဒ်ဝတင်မကဘဲ Software Support ကို အမိုက်စားပေးတော့မှာပါ။ Redmi K60 Ultra ဟာ Update ၅ နှစ်နဲ့ အဓိက OS ၄ ခုကို ရရှိမှာပါ။

Redmi K60 Ultra Joins Flagship Software Upgrade Program | SPARROWS NEWS

Xiaomi ဟာ Software Support ကို နှစ်တော်တော်ကြာပေးတဲ့အတွက် နာမည်ကြီးပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ Redmi K60 Ultra မှာ ဒီထက်ပိုကောင်းအောင် ဝန်ဆောင်မှုပေးလိုက်ပါတယ်။ Xiaomi ဖုန်းတွေထဲမှာ အဓိက Android Update ကို ၄ ကြိမ်နဲ့ Security Update ကို ၅ နှစ်ကြာရတဲ့ ပထမဆုံးဖုန်း ဖြစ်လာပါတယ်။ အဲဒီဖုန်းဟာ MIUI 15 Update ပထမဆုံးရတဲ့ ဖုန်းတွေထဲမှာလည်း ပါပါတယ်။

Redmi K60 Ultra announced in China with a 144 Hz OLED screen, Dimensity 9200+ and copious amounts of memory - NotebookCheck.net News

Redmi K60 Ultra ကို လက်ရှိမှာ တရုတ်မှာပဲ ရောင်းချပေးထားပြီး အခု Software Update ဟာလည်း တရုတ်အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဖုန်းကို နိုင်ငံတကာမှာ Xiaomi 13T Pro အမည်နဲ့ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ ဒီသတင်းသာမှန်မယ်ဆိုရင် Xiaomi ဟာ နိုင်ငံတကာအတွက်လည်း အလားတူ Software Support ပေးလာနိုင်ပါတယ်။

အခုလို Xiaomi က Redmi K60 Ultra အတွက် ကာလရှည်ကြာ Software Support ပေးတာကို ကြိုဆိုရမှာ ဖြစ်ပါတယ်။

Ref : gizmochina